-12-

3.6K 577 4
                                    

ပျိုနီဆောင် ။

ဒါကမိဘတွေဆီကရဖူးတဲ့ လက်ဆောင်
မမည်တဲ့ အိမ်ရှေ့စံရှိသင့်အပ်သော အဆောင်အယောင် ။

သူ့ကိုမျှော်လင့်ထားတဲ့မိဘတွေက သူ့အတွက်ပျိုနီပန်းရဲရဲတွေအပြည့်စိုက်ပျိုးထားတဲ့ပျိုနီဆောင်ကိုပြင်ဆင်ခဲ့တယ် ။ စွမ်းအားမရှိတဲ့ သာမာန်ကလေးတစ်ယောက်သာဖြစ်နေတဲ့အခါ ပျိုနီဆောင်ကိုသူရောက်လာခွင့်မရှိတော့ဘဲ ပြည့်စုံတဲ့စစ်သည်တစ်ယောက်ဖြစ်လာဖို့ သူတင်းကျပ်တဲ့စမ်းသပ်ဆောင်မှာပဲကြီးပြင်းခဲ့ရတာဖြစ်သည် ။

သူဝမ်းနည်းနေသလား ၊ ပျော်နေသလားဆိုတာထက် သူ့ဦးနှောက်အရည်အသွေးကသာမှတ်တမ်းတင်ရမဲ့အရေးပါသောအရာ ။

သူနာကျင်သလား ၊ သက်တောင့်သက်သာရှိသလားဆိုတာထက် ခံနိုင်ရည်နဲ့လုပ်ဆောင်နိုင်စွမ်းကသာ မှတ်တမ်းတင်ရမဲ့အရေးပါသောအရာ ။

ဒီနေ့မှာတော့ ကောင်လေးကဒီနေရာကိုတွေ့သွားပြီး လာလည်ချင်နေတာကြောင့် သူလိုက်ပို့ပေးဖြစ်ခဲ့တာပါပဲ ။ နှင်းအနည်းငယ်ကျနေသည့်အပြင် လေစိမ်းသွင်သွင်တိုက်တဲ့နေရာမို့ နွေးထွေးတဲ့မွှေးပွဝတ်ရုံကိုသူခြုံပေးလိုက်တယ် ။

"ကျွန်တော်အဝတ်ဝတ်ပြီးသားလေ "

"မင်းချမ်းနေမှာစိုးလို့ "

ကောင်လေးကအံ့သြသလိုကြည့်နေရာကနေပြုံးသွားတယ် ။

"တကယ်တော့ကျွန်တော်ရေနွေးစီးကြောင်းတွေ ကိုသဘောကျတယ် ၊​ နေရောင်ရောက်နိုင်တဲ့အလွှာမှာပဲအမြဲကူးခတ်နေချင်တာ  ၊ ဖေဖေကတော့အဲ့ဒါကိုသဘောမကျဘူး အေးစက်မှောင်မိုက်တဲ့နေရာတွေကကျွန်တော်တို့အတွက်အလုံခြုံဆုံးနေရာပဲတဲ့ ကျွန်တော်သဘောမကျတဲ့ အဲ့နေရာကဖေဖေကျွန်တော့်အပေါ်ထားတဲ့စေတနာဖြစ်ခဲ့တာ ၊ ချမ်းနေမှာစိုးလို့ ဆိုတဲ့စကားကြားရတာကျွန်တော့်အတွက်တန်ဖိုးမဖြတ်နိုင်ဘူးပဲ ၊ ဒီတစ်သက်မှာတော့ မကြားနိုင်ဘူးထင်ရတဲ့စကားလေ "

မွှေးပွခြုံထည်ကိုလက်နဲ့အသာပွတ်သပ်ရင်း ​ပျော်ရွှင်နေပုံလေးကဟန်ဆောင်ခြင်းမဲ့ ။

"ကိုယ်ရှိနေသ၍ မင်းနွေးထွေးအောင်ထားမှာပါ "

"လူသားကအမြဲရှိနေမှာမလား "

-The Alluring Melody From Siren's Eyes -Where stories live. Discover now