မိုးအကုန် ဆောင်းအကူးမှာ စခဲ့တဲ့ ဇာတ်လမ်းလေး တပုဒ်။အဲ့ဒီနေ့ကပေါ့ ကံကြမ္မာရဲ့ ရက်စက်မှုတေကိုသာ ကြိုသိခဲ့ရင် သူဒီဇာတ်လမ်းလေးကို အစပျိုးခဲ့ပါ့မလား...
အဲ့ဒီနေ့က မိုးမရွာခဲ့ပါ သို့သော် နေရောင်လည်း ရှိမနေခဲ့ပေ။ ဆောင်းဦးရဲ့ ညနေခင်းလေးတစ်ခုဟာ အုပ်မှိုင်းမှိုင်းဖြင့် လွမ်းချင်စရာကောင်းလှပါသည်။ထယ်ယောင်းတစ်ယောက် ပြတင်းပေါက် ဘောင်လေးကို မှီရင်း ကော်ဖီပူပူတစ်ခွက်ကို သောက်နေမိသည်။ ပြတင်းပေါက် အပြင်ဘက်မှ လမ်းမကြီးအား အကြောင်းရင်းမဲ့ ငေးကြည့်နေခဲ့သည်။ ထိုအချိန်ဝင်လာတဲ့ အမည်မသိ ဖုန်းကောလ်လေးတစ်ခု။ ထယ်ယောင်းလည်း ဘာမှစဉ်းစားမနေပဲ ကိုင်လိုက်မိသည်။
"ဟလို ဘယ်သူပါလဲ ခဗျ"
"ဟျောင့် မင်းမလာသေးဘူးလား ဒီမှာ ငါစောင့်နေတာ နာရီဝက်လောက်ရှိနေပြီကွ"
တစ်ဖက်က ဆူသံတစ်ခုအား ကြားခဲ့ရသည်။
"အယ် ဖုန်းမှားနေပြီထင်တယ် ကျနော်ဘယ်သူ့ကိုမှ ချိန်းမထားမိပါဘူး"
ထယ်ယောင်းလည်း ဖုန်းမှားနေကြောင်း သတိပေးလိုက်တော့ တဖက်လူက ခေတ္တ တိတ်ဆိတ်သွားသည်။ ထို့နောက်
"ဟုတ်သားပဲ ဆောရီးနော် ကိုယ် ဖုန်းမှားသွားတာပဲ ဒီမှာလေ ကန်ဘောင်မှာ ကိုယ့်ကို စောင့်ခိုင်းထားပြီး ရောက်မလာလို့ စိတ်တိုတိုနဲ့ဆက်လိုက်တာ "
"အာ ဟုတ်ကဲ့ ရပါတယ်"
"ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ဒါပဲနော်"
"အာ ဟုတ်...တီ"
စကားပင် မဆုံးသေးပဲ ကျသွားသောဖုန်းလေး
ဘာကြောင့်မှန်းမသိပါသော်လည်း ထယ်ယောင်းထိုအမည်မသိလူအား တွေ့ချင်မိခဲ့သည်။
ထယ်ယောင်းတစ်ယောက် အနွေးထည်လေးတစ်ထည်အား ကောက်ဝတ်ပြီး ကန်ဘောင်သို့ ထွက်လာခဲ့လိုက်သည်။ ကန်ဘောင်တစ်လျှောက် ဟိုဟိုဒီဒီရှာကြည့်ပင်မဲ့ ထိုလူအား ရှာမတွေ့ခဲ့။
ရယ်တော့ရယ်ရသား မည်သူမှန်းမသိပဲ အသံသာကြားခဲ့ရသောသူအား လိုက်ရှာနေတယ်တဲ့လေ။
ထယ်ယောင်းစိတ်ေလျှာ့ကာ အိမ်ပြန်ရန်
ဆုံးဖြတ်လိုက်မိသည်။ ပြန်အလှည့်
YOU ARE READING
LOVE OR HATE (Ongoing)
Short Storyချစ်ခြင်းမေတ္တာတွေ တစ်ဖက်စွန်းရောက်သွားတဲ့အခါ နှလုံးသားဟာ အမုန်းတရားနဲ့ အတ္တတွေရဲ့ ချုပ်နှောင်းခြင်းကို ခံရတတ်တယ်....။ ဂျွန်ဂျောင်ကု = ခွန်းဆက်ဂျွန် ကင်မ်ထယ်ယောင်း = ခွန်းထယ်ယောင်း JJK = ဂျွန်စေတန် WARNING!!!