part - 13

118 13 4
                                    

ထယ်ယောင်း မျက်ဝန်းတို့အား ဖွင့်လိုက်ချိန် ပထမဆုံး မြင်တွေ့ရသည်က ခန်းနားထည်ဝါလှသော နန်းဆောင်ကြီးတစ်ခုပင်။ ဘေးပတ်ဝန်းကျင်ကို အကဲခတ်မိတော့ မည်သူမှ ရှိမနေပေ။ ထယ်ယောင်း ရပ်နေမိတုန်း ထယ်ယောင်းဆီသို့ တည့်တည့်လျှောက်လာကြသော လူတစ်ချို့ကို တွေ့လိုက်ရသည်။ ထိုလူတေက ဂျိုဆွန်းခေတ် နန်းတွင်းဝတ်စုံတွေကို ဝတ်ဆင်ထားကြသည်။ ထယ်ယောင်းကြည့်နေတုန်းမှာပင် ထိုလူတေဟာ ထယ်ယောင်းကို ဖြတ်တိုက်ပြီး လျှောက်သွားကြသည်။ အခုမှ ကိုယ့်ကိုယ်ကို သတိထားမိတော့သည်။ ထယ်ယောင်းကို မည်သူမှ မမြင်ကြပေ။ လူဟာလဲ လေဟာနယ်တစ်ခုလိုပင် သူ့ကို တိုက်သွားကြတောင် ဘာမှမခံစားရပေ။ ထယ်ယောင်းကြည့်တုန်း နန်းဆောင်ထဲမှ ထွက်လာသော ဂျွန်စေတန်အား တွေ့လိုက်ရသည်။ ထိုတော့မှ ထယ်ယောင်းဟာ အတိတ်ဘဝကို ရောက်နေမှန်းသတိရမိတော့သည်။

"အရှင်မင်းကြီး ဂိုလျောကို တကယ်ပဲ စိတ်ချီတော့မလို့ပါလား ဒါဟာ အရင်းနှီးများနိုင်တာမို့ ပြန်လည်တွေးတောကြည့်ပါအုံး"

ဂျွန်စေတန်၏ အနောက်မှ ပါလာသော အမျိုးသမီးကြီးက တောင်းဆိုသော လေသံဖြင့် စကားဆိုလေသည်။ ဂျွန်စေတန်ကတော့ ခက်ထန်သော မျက်နှာဖြင့်သာ တုန့်ပြန်လာခဲ့သည်။

"အရှင်မင်းကြီးက ကျွန်တော်မျိုးမရဲ့ လက်ပေါ်မှာ ကြီးပြင်းလာတာပါ ကျွန်တော်မျိုးမရဲ့ သွေးသားရင်းလိုပါပဲ မယ်မယ်က မင်းကြီးကို ကျွန်တော်မျိုးမလက်ထဲသေချာအပ်ခဲ့တာပါ မင်းကြီးတစ်ခုခုဖြစ်သွားရင် ဒီမိန်းမကြီး ဘယ်လိုလုပ်ရပါ့မလဲ မင်းကြီးရယ် ဟင့်!"

အမျိုးသမီးကြီးက ငိုရင်း စကားတွေကို ဆက်တိုက်ပြောနေခဲ့သည်။ ဂျွန်က သူမရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး တစ်ချက်မျှ ပြုံးပြလိုက်သည်။ ပြီးနောက် သူ့လမ်းကိုသာ ဆက်လျှောက်လာခဲ့သည်။ ထယ်ယောင်းလဲ ဂျွန့်ဘေးမှ ကပ်လိုက်လာခဲ့လိုက်သည်။

"ကင်မ်ထယ်ယောင်းရဲ့ အခြေနေ ဘယ်လိုရှိလဲ"

‌ရုတ်တရက် မိမိအကြောင်း မေးလာတာကြောင့် ထယ်ယောင်း အံ့ဩ‌စွာ သူ့မျက်နှာအား မော့ကြည့်လိုက်မိတော့ သူက ပုံမှန်အတိုင်း ‌အေးစက်စက် မျက်နှာဖြင့်သာ။

LOVE OR HATE (Ongoing)Where stories live. Discover now