part - 7

172 24 2
                                    

ဒီနေ့က ဂျောင်ကုနှင့်ထယ်ယောင်း လက်ထပ်သည့်နေ့ပင် လက်ထက်တယ်ဆိုပင်မဲ့ နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး မိဘမဲ့ဂေဟာမှာ အလှူအတန်းလုပ်ခြင်းပင်။ ပကာသနတေမပါတဲ့
လက်ထပ်ပွဲလေးဟာ ပဂတိအေးချမ်းလျက်။

"ထယ်"

"ဟင်"

"မောင် ဒီနေ့အရမ်းပျော်တာပဲသိလား ထယ့်ကို အ‌ပိုင်ရခဲ့ပြီ"

မောင်ကပါးချိုင့်လေးတေ ပေါ်သည်အထိ နှစ်ချိုင့်စွာပြုံးရင်း ဆိုလာခဲ့သည်။
မောင်ဘယ်လောက်ပျော်နေလဲဆိုတာ မောင့်မျက်နှာကို ကြည့်ရုံနှင့် သိနိုင်သည်အထိပင်။

"ထယ်လဲ ပျော်တယ် မောင်က ထယ်တစ်ယောက်ထဲကိုပဲ ချစ်ပေးပြီး ရွေး‌ချယ်ပေးခဲ့တာ ကျေး‌ဇူးပါနော် ချစ်တယ် မောင်"

"မောင်လဲ ချစ်တယ်"

ဒီလိုနဲ့ ကားနက်လေးဟာ သူတို့ရဲ့ အိမ်လေးဆီသို့
စိုက်ရောက်ခဲ့တော့သည်။ ထယ်ယောင်းရော မောင်ပါ ပင်ပန်းထားတာကြောင့် ရေချိုးသန့်စင်ပြီး ထမင်းစားရန်ပြင်လိုက်သည်။

"မောင် ဒီနေ့တော့ ထမင်းကြော်လေးပဲ ပြင်ထားတယ် နောက်ရက်ကျရင် မောင် စားချင်တာလေးတေ ချက်ကျွေးမယ်နော်"

"ဟော မောင့်အတွက် တကူးတက မလိုပါဘူး မောင်က မောင့်ထယ်လေးချက်တာဆို ကြိုက်ပြီးသား "

"ဟွန့်! မောင်ကတော့ ပိုနေပါပြီနော်"

"မပိုပါဘူးဗျာ လိုတောင် လိုနေသေးတာ"

ထမင်းဝိုင်းလေးက ရယ်သံတို့နှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ထယ်ယောင်း စိတ်လိုလက်ရ မပြုံးနိုင်ခဲ့ပေ။ အကြောင်းကတော့ ဂျွန်စေတန်က အမျိုးမျိုးနှောက်ယှက်လိမ့်မယ်ဆိုတဲ့စကားကြောင့်ပင်။ သို့သော် ယခုထိ ဘာအရိပ်ရောင်မှ မတွေ့ရသေးတာကတော့ ကောင်းတဲ့ကိစ္စမဖြစ်နိုင်။

"ဟင်!"

ထယ်ယောင်းအတွေးလွန်နေတုန်းမှာပင် မောင့်ရဲ့အနောက်က အရိပ်မဲကြီးတစ်ခု ဖျတ်သွားသည်ကို တွေ့ခဲ့ရသည်။ ဘယ်သူမှန်းမသိရဘဲ အရိပ်မဲကြီးတစ်ခုသာဖြစ်သည်။

"ထယ် ဘာဖြစ်လို့လဲ"

ဆက်ဂျွန်က ဆိုးရိမ်တကြီးနဲ့မေးလာခဲ့သည်။
သို့သော် အခုချိန်မှာ ဒါတေကို အသိမပေးချင်သေး။ ဆက်ဂျွန်က အဲ့ဘဝမှာ ကွပ်မျက်ခံခဲ့ရတာမို့ မပြောပြချင်။

LOVE OR HATE (Ongoing)Where stories live. Discover now