part - 4

233 22 3
                                    

'အညိုလေး မင်းဗိုက်ဆာ‌လား ငါမင်းအတွက် ငါးကြော်တေယူလာတယ် မြန်မြန် လာစား'

အညိုလေးက နီညိုရောင် မျက်ဝန်းတောက်တောက်များဖြင့် ထယ်ယောင်းဆီကို လျှောက်လာခဲ့သည်။ ထယ်ယောင်းလဲ လက်ထဲက ငါးကြော်ဗူးလေးကို ဖွင့်ပြီး ရှေ့မှာချပေးလိုက်သည်။

'အညိုလေး ဗိုက်အရမ်းဆာနေတာလား ငါနဲ့လိုက်နေမလား ငါမင်းပါးပါးလုပ်ပေးမယ်လေ'

‌သူပြောတော့ ကြောင်လေးက သူ့စကားကို နားလည်သည့်နှယ် မော့ကြည့်လာပြီး သူ့လက်ကို
လျှာနဲ့ လျက်လာသည်။ ထယ်ယောင်းလဲ အညိုလေးစား‌ပြီးတဲ့အချိန်ထိ စောင့်နေပြီးနောက် အညိုလေးကို အိမ်ခေါ်လာခဲ့သည်။

'အညိုလေး ဒါက သားရဲ့အိမ်ဖြစ်သွားပြီနော်
ပါးပါးက အညိုလေးကို အများကြီး ချစ်ပေးမှာသိလား'

'မြောင်'

‌'ပါးပါးကို ချွဲနေတာပေါ့လေ ဟုတ်ပါပြီ ချွဲပါ"

‌အညိုလေးက ပေါင်ပေါ်တက်ထိုင်ကာ ချွဲနေတော့တာ ထယ်ယောင်းလဲ အညိုလေးကို ပွတ်ပေးနေလိုက်သည်။ အညိုလေးက တဖြည်းဖြည်းကြီးလာတာကို ထယ်ယောင်းသတိပြုမိပင်မဲ့
စိတ်ထင်တာပဲဆိုပီး ဆက်ပြီး ပွတ်ပေးနေလိုက်သည်။ အညိုလေးရဲ့ မျက်ဝန်းတေက နီညိုရောင်ကနေ တဖြည်းဖြည်းအနီရောင်သန်းလာခဲ့သလို သူ့ပေါင်နဲ့ မဆန့်အောင်ပင်ကြီးလာခဲ့သည်။
ထယ်ယောင်းလန့်လာပီး အညိုလေးကို ဖယ်ကာ
မတ်တက်ထရပ်လိုက်သည်။ ရုတ်တရက်အညိုလေးက အရိပ်မဲကြီးတစ်ခုဖြစ်သွားပြီး

'အားးး'

ထယ်ယောင်းအိပ်မက်ကလန့်နိုးလာခဲ့သည်။
တကိုယ်လုံးချွေးတေထွက်နေပြီး ရင်တေလဲ အရမ်းကို တုန်နေခဲ့သည်။

"ထပ်ပြီး ဒီအိပ်မက်ပဲလား ငါနဲ့ ဘယ်လိုပတ်သတ်နေတာလဲ "

ထယ်ယောင်းလဲ ဆက်မတွေးတော့ပဲ နာရီကို ကြည့်လိုက်တော့ 10နာရီပင်ရှိလေပြီ။ အမြန်ထကာ ရေချိုးအဝတ်လဲပြီး သူ့ရဲ့ ပန်းဆိုင်လေးသို့ ထွက်လာခဲ့လိုက်သည်။ ပုံမှန်ဆို 9နာရီလောက်ဖွင့်လေ့ရှိပင်မဲ့ ဒီနေ့တော့ 11နာရီပင် ထိုးနေပြီဖြစ်သည်။ ကျောင်းပြီးတော့ ထယ်ယောင်းဘာကိုမှ စိတ်မပါခဲ့ သို့သော် ပန်းတေကို ချစ်တဲ့သူမို့ ပန်းဆိုင်ဖွင့်ခဲ့သည်။ ဆက်ဂျွန်ကတော့ သူ့အဖေရဲ့ ကုမ္ပဏီကို ဆက်ပြီး ဦးစီးခဲ့သည်။

LOVE OR HATE (Ongoing)Where stories live. Discover now