part - 9

119 14 2
                                    

ဒီနေ့ဟာ ကျနော်တို့ရဲ့ အိမ်ထောင်သက် 1လပြည့်တဲ့နေ့လေးပေါ့။ 1လသာပြည့်သွားပင်မဲ့ ကျနော့် ထယ်လေးကတော့ အခုထိ လူပျိုလေးပဲရှိသေးပါရဲ့လေ။ ထယ်က သိပ်ကိုအရှက်ကြီးတဲ့ ကောင်လေးဟုသာ ဆက်ဂျွန်စိတ်ထဲ မှတ်ချက်ပြုမိသည်။ ခွန်းထယ်ယောင်းဟူသော အမည်နာမ နာမ်စားလေးတစ်ခုကပင် ဆက်ဂျွန်၏ ရင်အား အေးချမ်းစေရုံမက အပြုံးတို့အား ဖြစ်တည်‌စေလေသတဲ့။ လှပ‌သော ပုံရိပ်တို့အား အတွေးထဲ ပုံဖော်ရင်း အိပ်ဆက်နေသော အမျိုးသားလေးထံ အကြည့်ပို့သည်။

ခွန်းထယ်ယောင်းဟာ ပြစ်ချက်ကင်းသည့်အလှပကေးလေးပင်။ နာမည်ကြီး အနုပညာရှင်တွေ မည်မျှ ချောမောလှသည်ကို လူတွေ တင်စားပြောဆိုကြတာ မြင်ဖူးပါသည်။ သို့သော် ဆက်ဂျွန်အား မေးခဲ့မည်ဆိုလျှင် ခွန်းထယ်ယောင်းသာ အလှဆုံးဟု ဖြေမိမှာ အမှန်ပင်။ ဖြူနု‌သော အသားအရေလေးမှာ ထိရက်စရာပင်မရှိအောင်ပင် မွေးကင်းစ ကလေးလေးကဲ့သို့ နုဖက်လွန်းလှပါသည်။ မှိတ်ထားသော မျက်ဝန်းလေးများ၏ အဆုံးရှိ မျက်တောင်လေးများမှာ ကော့ညွန့်နေကာ မျက်ဝန်းတို့အား ဖွင့်ထားပါက တွေ့ရပါ‌သော မျက်ဝန်းဝိုင်းဝိုင်းလေးမှာ ဆက်ဂျွန်၏ ကျရှုံးရာ ရပ်ဝန်းတစ်ခု။ ထိုမျက်ဝန်းလှလှလေးများမှ မျက်ရည်ဥလေးမှာ ကျဆင်းလာမည်ကိုပင် ဆက်ဂျွန် သေမတတ်ကြောက်မိပါသည်။ နှာ‌တံဆင်းဆင်းလေးနှင့် ပါးမို့မို့လေးများလည်းရှိ‌သေးသည်။ မျက်ခုံးထူထူလေးနှင့်အတူ နှာတံထိပ်မှ မှဲ့နက်ကလေးဟာ ဆွဲဆောင်မှုရှိပေသည်။

နှုတ်ခမ်းပါးလေးများဆီအကြည့်ရောက်မိသည်နှင့် ဆက်ဂျွန်၏ မျက်တောင်လေးများမှာ နှစ်ချက်ခန့် လှုပ်ရှားသွားပေသည်။ ဆေးအကူညီမပါပဲ ပကတိ ပန်းနုရောင် နှုတ်ခမ်းလေးများဟာ အန္တာရယ် အများဆုံး ချောက်ကမ်းပါး တစ်ခုပင် ဖြစ်ပေလိမ့်မည်။ ခါးကျဉ်ကျဉ်လေးများနှင့် ညှပ်ရိုးထင်းထင်းတွေလည်း ရှိပါသေးသည်။ သွယ်လျ‌သော လက်ချောင်းလေးများမှာ မိန်းမလှလေးများပင် မနာလိုဖြစ်ချင်စရာကောင်းလှသည်။ ခြေတံသွယ်သွယ်လေးများနှင့် လုံးဝန်းနေတဲ့ မက်မွန်သီးလေးဟာလည်း လိုက်ဖက်စွာ။

LOVE OR HATE (Ongoing)Where stories live. Discover now