မောင်က အလုပ်ကိစ္စဖြင့် မန္တလေးကို 3ရက်သွားသည်မို့ ထယ်ယောင်း အလွန်ပျင်းနေမိသည်။ အလည်အပတ်၊အပျော်အပါး သိပ်မမက်တဲ့ ထယ်ယောင်းအဖို့ ပန်းဆိုင်နှင့်အိမ်ကလွဲပြီး အထွေထူး လုပ်စရာလည်း မရှိ။ ထယ်ယောင်းရဲ့ ပန်းဆိုင်လေးဟာလည်း လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ဓားပြဝင်တိုက်ခံရပြီး အတော်လေး ပျက်စီးသွားရသည်။ ထိုနေ့ကို မှတ်မိပါသေးသည်။ ဂျွန်စေတန်က ထယ်ယောင်းကို ကာကွယ်ပေးခဲ့သည်လေ။ အဲ့နေ့ညက မောင်က လုပ်ငန်းရှင်တစ်ချို့နဲ့ ဆွေးနွေးစရာရှိတာကြောင့် နောက်ကျမည်ဟု ဖုန်းဆက်ခဲ့သည်။ ပုံမှန်ဆို 7နာရီတွင် ဆိုင်သိမ်းလေ့ရှိပင်မဲ့ အဲ့နေ့က လူကျနေတာကြောင့်ရော မောင်ကလည်း နောက်ကျမည်ဆိုသောကြောင့် အေးအေးဆေးဆေးပဲ လုပ်နေတာနဲ့ 9နာရီမှ ဆိုင်သိမ်းပြီးခဲ့သည်။ ဆိုင်ပိတ်ပြီး ပြန်ခါနီးတွင် လူသုံးယောက် ဆိုင်ထဲ အတင်းဝင်လာခဲ့သည်။
"အမေ့! ဆိုင်က ပိတ်သွားပါပြီဗျ မနက်ဖျန်မှ..."
"ငါတို့က ပန်းလာဝယ်တာမဟုတ်ဘူး မသေချင်ရင် မင်းမှာရှိတဲ့ပိုက်ဆံအကုန်ပေးစမ်း"
သူတို့ထဲမှ တစ်ယောက်က သေနတ်ဖြင့် ချိန်ပြီး
အေးစက်စက်ပြောလာခဲ့တာကြောင့် ထယ်ယောင်းလဲ ကြောက်ကြောက်လန့်လန့်ဖြင့် ရှိတဲ့ပိုက်ဆံတေကို ထုတ်ပေးလိုက်မိသည်။ ငွေထက် လူ့အသက်က ပိုအရေးကြီးတာတော့ ထယ်ယောင်းသိပါသေးသည်။"ဒါအကုန်ပဲလား ရှိတာအကုန်ထုတ်နော်!!"
"ဟုတ်...ဟုတ် အကုန်ပါပဲ"
"ကောင်းပြီ သွားကြမယ်"
"ခန အကိုကြီး သူ့ကိုကြည့်ပါအုံး အရမ်းချစ်စရာကောင်းနေတယ်လို့ မထင်ဘူးလား"
လှည့်ထွက်ဖို့ ပြင်နေတဲ့ ခေါင်းဆောင်လို့ထင်ရသည့်သူအား ဘေးက တစ်ယောက်က ပြောလာခဲ့သည်။ ထိုသူက လှည့်လာပြီးနောက် ထယ်ယောင်းကို သေချာစိုက်ကြည့်လာသည်။
"ဟက်! တကယ်ကို ချစ်စရာကောင်းနေတာပဲ ငါခုန သတိမထားမိလိုက်ဘူး"
"ဘာလုပ်တာလဲ!"
ထယ်ယောင်းရဲ့ မေးအားကိုင်ရင်း ပြောလာသူကို အလန့်တကြားတားလိုက်မိတော့ ထိုသူကရယ်သည်။ ပြီးနောက် ထယ်ယောင်း အဝတ်များအား ချွတ်ရန် ပြင်လာခဲ့သည်။ ထယ်ယောင်းအတတ်နိုင်ဆုံးရုံးပြီးမဲ့ သုံးယောက်တစ်ယောက်မို့ မတတ်သာခဲ့ပေ။ နောက်ဆုံး ခြေထောက်ကို ချုပ်ထားတာ အနဲငယ်အားရော့သွားသည်မို့ ရုံးကာ အတင်းနမ်းရန်ပြင်နေသူကို အားဖြင့် ကန်ပြစ်လိုက်သည်။ ထိုသူက ဒေါသတကြီးဖြင့် ရိုက်ရန်ပြင်လာတာကြောင့် ထယ်ယောင်းအလန့်တကြား မျက်လုံးတို့အား မှိတ်ပြစ်လိုက်သည်။
YOU ARE READING
LOVE OR HATE (Ongoing)
Short Storyချစ်ခြင်းမေတ္တာတွေ တစ်ဖက်စွန်းရောက်သွားတဲ့အခါ နှလုံးသားဟာ အမုန်းတရားနဲ့ အတ္တတွေရဲ့ ချုပ်နှောင်းခြင်းကို ခံရတတ်တယ်....။ ဂျွန်ဂျောင်ကု = ခွန်းဆက်ဂျွန် ကင်မ်ထယ်ယောင်း = ခွန်းထယ်ယောင်း JJK = ဂျွန်စေတန် WARNING!!!