part - 2

311 28 11
                                    

ထယ်ယောင်းတစ်ယောက် ဆက်ဂျွန် အိမ်သို့ရောက်နေခြင်းပင်။ အခုဆို ထယ်ယောင်းတို့ခင်လာတာ 3နှစ်ပင် ကျော်လာခဲ့ပြီ။ ဒီအတောတွင်း သေချာသိခဲ့ရတာက သူဆက်ဂျွန်ကို ချစ်နေခြင်းပင်။ ဆက်ဂျွန်ကတော့ မသိပေ။ သူသိတာဆိုလို့ ထယ်ယောင်းကို အနိုင်ကျင့်ဖို့ ရည်းစားတေ ထည်လဲတွဲဖို့ ရန်ဖြစ်ဖို့ လောက်ပဲရှိတာလေ။
အခုလည်း သူအသစ်တွဲနေတဲ့ ကောင်မလေးက
အပြင်မှာဆို သူ့မိဘတေ သိမှာဆိုးသည်ဟုဆိုကာ
ဆက်ဂျွန် အိမ်တွင် ဒိတ်ခြင်းဖြစ်သည်။ ဆက်ဂျွန်ကိုအပိုင်ဖမ်းချင်တဲ့မိန်းမတေက များတာမို့ ထယ်ယောင်းကို သူနဲ့အတူ လာ‌စောင့်ခိုင်းထားသည်။
ဘေးမှာ ချစ်ကြည်နူး‌နေတဲ့အတွဲကို မသိ‌ချင်ယောင်ဆောင်ရင်း ဖုန်းထဲကိုသာ စိတ်နှစ်ထားမိသည်။ ဘယ်သူကများ ကိုယ်ချစ်ရတဲ့သူကို
တခြားတစ်ယောက်နဲ့ တွေ့ရတာ‌ ပျော်လို့လဲ။

"ရား ခွန်းဆက်ဂျွန် မင်းငါ့ကို ဘယ်ချိန်ထိ ဆက်ထိုင်ကြည့်ခိုင်းထားမှာလဲ"

"ကျစ်! ထယ် မင်းတော်တော်စကားများပါလား
ဒီမှာ ငါ့ချစ်သူလေးနဲ့ စကားကောင်းကောင်းကို
မပြောရဘူး"

"ဟုတ်ပ ကိုကိုရယ် ဒါကြောင့် ဘေဘီတို့ နှစ်ယောက်ထဲ ဒိတ်ကြပါမယ်ဆို သူကလာရှုတ်နေတာ"

ဆူပုတ်ပုတ်နဲ့ဆိုလာသော အမျိုးသမီးကြောင့်
သူ့စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။
မသိရင် ကိုယ်ကပဲ လူပိုကြီးလိုဖြစ်နေတာ။
တကယ်လဲ ဟုတ်နေတာပဲလေ။
ဆက်ဂျွန်ဘက်ကို မျက်နှာမူလိုက်ရင်း

‌"ခွန်းဆက်ဂျွန် မင်းကြားတယ်နော် မင်းဟာမက ငါရှ်ိတာကို မကြိုက်ဘူး အဲ့တော့ ငါပြန်ပြီ မင်းဟာ‌မင်းနေခဲ့တော့"

ပြောပြီးတာနဲ့ နောက်လှည့်မကြည့်ပဲ ထွက်လာခဲ့သည်။ ရင်ထဲမှာ တစ်ခုခုကို ကျနော်ခံစားနေရတယ်။ နှလုံးသားက အဆင်မပြေအောင် တင်းကြပ်နေတယ်။လမ်းတဝက်လောက်ရောက်တော့ နောက်ပြန်လှည့်ကြည့်မိပြန်သည်။ သို့သော်
လူနှင့်တူသည့် အရိပ်အရောင်ဆိုလို့ တစ်စိုးတစေ့မှ ရှိမနေခဲ့ပေ...။

~~~~~~~~~~~~~~~
"ကျစ် မင်းဘာလို့ ခုလိုတေပြောလိုက်တာလဲ
ထယ့်ကို ဘယ်သူထင်နေလို့လဲ"

LOVE OR HATE (Ongoing)Where stories live. Discover now