part - 8

125 11 1
                                    

"ကိုယ်တော့်ကို ဘာကြောင့်ဆင့်ခေါ်ရတာလဲ ယောင်းငယ်"

ကြားလိုက်ရသောအသံမှာ ပကတိအေးဆက်လျက်။ ထယ်ယောင်းကြက်သည်းများပင်ထလာရသည်။ ထိုသူကိုကြည့်မိတော့ နက်စွေးနေသော
ကုပ်ရှည်ကြီးတစ်ထည်ကို ထပ်ဝတ်ထားပြီး တကိုယ်လုံးအနက်ရောင်များသာ ဝတ်ဆင်ထားသည်။ အရင်တစ်ခါနှင့်မတူသောအချက်မှာ
ဂျွန်စေတန်၏ မျက်ဝန်းများမှာ အရင်ကထက် ပိုပြီး အေးစက်လွန်းနေသည့်အပြင် သေချာကြည့်မည်ဆိုလျှင် အနည်းငယ် ဝမ်းနည်းနေ‌သယောင်ရှိသည်။ သူ့လိုနတ်ဆိုးတစ်ယောက်က ဘာကြောင့်များ ဝမ်းနည်းနေဟန်ရှိသနည်းဟု ထယ်ယောင်းတွေးလိုက်မိပါသည်။

ဂျွန်စေတန်၏ အသားအရည်မှာ နဂိုထပ်ပို၍ပင်
ဖြူစွပ်နေသေးသည်။ ‌နှုတ်ခမ်းပါးတို့အား တင်းတင်းစေ့ထားပုံနှင့် မျက်ခုံးတန်းတို့၏ စုကျုံ့နေပုံအရ တစ်ခုခုအား အလိုမကျဖြစ်နေသည်မှာ သိသာထင်ရှားလှသည်။ ထိုနတ်ဆိုးမှာ ထယ်ယောင်း၏အနားသို့ တစ်လှမ်းချင်းလျှောက်လာကာ အနီးဆုံးနေရာတွင် ရပ်၍ ထယ်ယောင်းမျက်ဝန်းတို့အား စူးစိုက်ကြည့်ကာ
စကားဆိုလေသည်။

"ကိုယ်တော့်ကို ဒီလောက်ထိ မကြည့်ဖို့ပြောထားတယ်မဟုတ်လား မင်းသာဒီလိုဆက်လုပ်နေရင် ကိုယ်မင်းကို အပိုင်သိမ်းမိတော့မယ်ထင်တယ်"

"ဟင်!"

ထယ်ယောင်း အထိပ်ထိပ်အပြာပြာဖြင့် အကြည့်လွှဲလိုက်မိသည်။ ဤသူမှာ နတ်ဆိုးတစ်ကောင်သာ မဟုတ်ဘဲ မော်ဒယ်တစ်ဦးနှင့်သာ ပို၍တူပေလိမ့်မည်။ ဤခေတ်မှာသာဆို သေချာပေါက် ပျိုတိုင်းအသဲစွဲစေမယ့် မင်းသားတစ်ပါးဖြစ်မည်ဟုထင်မိသည်။ ထိုနတ်ဆိုးအားကြည့်နေရင်းပင်
ထယ်ယောင်းသဘောကျရသော အဆိုတော်တစ်ဦးဖြစ်သည့် ယွန်းဂီဟျောင်းကိုပင် သတိတရဖြစ်မိသည်။ ထိုနတ်ဆိုးသာ ယွန်းဂီဟျောင်းလို အဆိုတော်တစ်ဦးဖြစ်ခဲ့ရင် သေချာပေါက် အောင်မြင်မည့်အပြင် ထယ်ယောင်းဟာလည်း ထိုနတ်ဆိုး၏ Big Fanတစ်ဦး သေချာပေါက်ဖြစ်လာလိမ့်မည်ထင်သည်။

"ယောင်းငယ် ကိုယ်တော့်ကို ဆင့်ခေါ်ပြီး ဒီတိုင်းပဲဆက်နေနေတော့မှာလား ကိုယ်တော် စိတ်ဆိုးမိတော့မလားပဲ"

LOVE OR HATE (Ongoing)Where stories live. Discover now