part - 15

173 12 4
                                    

အခုဆိုရင် ဂျွန်စေတန်နှင့် ထယ်ယောင်းတို့ လက်ထပ်ခဲ့ကြသည်မှာ ၄လပင်ရှိလေပြီ။ လက်ထပ်ခဲ့သည်ဆိုသော်လည်း တကယ်တမ်းက ထယ်ယောင်းဆန္ဒမပါဘဲ အတင်းသိမ်းပိုက်ခဲ့ခြင်းပင်။ မနေ့ညက ရဲမတ်နှစ်ဦးတီးတိုးပြောနေသည်ကို ထယ်ယောင်းကြားခဲ့ရသည်။ သူတို့ မောင့်ကို သတ်လိုက်ကြသည်တဲ့။ မောင့်ကို လွှတ်ပေးသည်၊မောင်အသက်ရှင်လျက်ရှိနေသေးသည်ဆိုတာတွေဟာ အလိမ်အညာတွေသာ။

ထယ်ယောင်း ဂျွန်စေတန်၏ နန်းဆောင်အတွင်းသို့ ဇွတ်ဝင်ပြစ်လိုက်သည်။ ဤနန်းတော် ဤတိုင်းပြည်တွင် ထယ်ယောင်းဟာ ဧကရီ ထယ်ယောင်းအား တားမြစ်နိုင်သောသူဟူ၍ မရှိပေ။
သို့သော် ဤအာဏာတွေအား ထယ်ယောင်းမမက်။ ထယ်ယောင်းမက်မောသည်မှာ မောင်သာဖြစ်သည်။ မောင့်အနားမှာရှိချင်သည်။ မောင့်မျက်နှာလေးကို ငေးကြည့်ချင်သည်။ ‌တော်ဝင်ဥယာဉ်တော်ထဲ မောင့်ပေါင်ပေါ် ခေါင်းလေးအုံးရင် မောင်‌ဆိုပြနေကျ "သူ့အချစ်" သီချင်းလေးအား ထားထောင်ချင်မိသည်။ မောင့်နှုတ်ခမ်းအောက်က မှည့်နက်ကလေးအား တယုတယ နမ်းရှိုက်ချင်မိသည်။ ထယ်ယောင်း၏ အတ္တ၊မက်မောခြင်းတို့သည် မောင်တစ်ဦး တစ်ဦးတည်းအပေါ်၌ဟာ ဖြစ်တည်သည်။

"ဂျွန်စေတန်!"

ထယ်ယောင်းသူ့နာမည်ကို ခေါ်လိုက်တော့ ‌နန်းတော်စစ်တမ်းတွေကို ဖတ်နေ‌သူက အေးစက်စက် ကြည့်လာသည်။

"ခများ မောင့်ကို သတ်ပြစ်လိုက်တယ်ဆို အမှန်ပဲလား ဟမ်!"

"မင်းအခုပြောနေတာ ဒီတိုင်းပြည်ရဲ့ ဧကရာဇ်နော် ပြီးတော့ အဲ့ဒီလို စောက်သုံးမကျတဲ့ စကားတေကို မင်းကို ဘယ်သူပြောလိုက်တာလဲ!"

သူ့အသံက ပကတိအေးစက်နေခဲ့သည်။ သာမာန်လူဆို သေသွား‌နိုင်လောက်အောင် အာဏာရှိသော်လည်း ထယ်ယောင်းအတွက်တော့ ဒီလူကို မုန်းတာကလွဲ၍ ဘာခံစားချက်မှမရှိ။ သတ်ပြစ်လိုက်လည်း ထယ်ယောင်းမမှု။ ထယ်ယောင်းချစ်သောသူ အားလုံးကို သတ်ပြစ်ခဲ့ပြီး ထယ်ယောင်းရဲ့ ဘဝကိုပင် ဖျက်စီးခဲ့သေးသည်။

"ခများက ဧကရာဇ်ဆိုရင် ဧကရာဇ်တစ်ပါးရဲ့ ဂုဏ်နဲ့ ကျွန်တော့်ကို အမှန်တိုင်း ပြောပေးစမ်းပါ"

LOVE OR HATE (Ongoing)Where stories live. Discover now