part - 6

184 21 3
                                    

"သူကတခြားသူမဟုတ်ဘူး မင်းကို နှစ်ပေါင်းများစွာစောင့်နေခဲ့တဲ့ မင်းရဲ့ အတိတ်ဘဝက အိမ်ထောင်ဘက်ပဲ"

"ဟင်"

"ဟုတ်တယ် ဒါမဲ့ မင်းရဲ့ချစ်ရသူတော့မဟုတ်ဘူး"

ထယ်ယောင်းအတွေးတို့ ရှုတ်ထွေးသွားခဲ့သည်။
အိမ်ထောင်ဘက်၊ချစ်ရသူမဟုတ်ဘူး ဘာလဲ

"မင်းစဉ်းစားကခက်နေတယ်မလား ငါကပဲ ပြောပြပေးမယ် လွန်ခဲ့တဲ့ နှစ်ပေါင်း 500ကျော်တုန်းက
မင်းက ဧကရာဇ်တပါးရဲ့ သဘောကျတာကို ခံခဲ့ရတယ် ဧကရာဇ် ဂျွန်က မင်းကို မြင်မြင်ချင်း သဘောကျခဲ့ပင်မဲ့ မင်းကတော့ ဂျွန်ဂျောင်ကုကိုပဲချစ်ခဲ့တယ် ဂျွန်စေတန်က မင်းရဲ့ချစ်သူကို သတ်ပြစ်ပြီး မင်းကို ဧကရီမြှောက်ခဲ့တယ် ချစ်သူကိုသတ်ပြီး လူကိုပါသိမ်းခဲ့တဲ့ ဧကရာဇ်ဂျွန်ကို မင်းသိပ်မုန်းခဲ့တယ် ဒါကြောင့်လဲ ဧကရာဇ်ကို လုပ်ကြံဖို့အမျိုးမျိုးကြိုးစားခဲ့ပင်မဲ့ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး တစ်ရက်မှာတော့ ဧကရာဇ်ကို မင်းကိုယ်တိုင် လက်ဖက်ရည်ဆက်သခဲ့တယ်
ဧကရာဇ်ဂျွန်က သိပ်ကို ကျေနပ်ခဲ့တာ မင်းဆီက ပထမဆုံးလက်ဆောင်ဖြစ်လို့ သူကံဆိုးခဲ့တယ် အဲ့ထဲမှာ အဆိပ်တေပါနေခဲ့တယ် လက်ဖက်ရည်တေကို ထွေးပြစ်လို့ရပါရက်နဲ့ ကုန်အောင်သောက်ခဲ့တယ် သူမသေခင်မှာ ဆုတစ်ခုကို တောင်းခဲ့တယ် ဘဝဆက်တိုင်း မင်းအနားမှာရှိခွင့်ရဖို့ မင်းနဲ့ဆုံတွေ့ရဖို့ အော် ဆုတောင်းအမှားတေပဲ အဲ့ဆုတောင်းကြောင့် သူက နတ်ဆိုးဘဝနဲ့ မင်းကို နှစ်ပေါင်းများစွာစောင့်နေရတာပဲ"

"ဂျွန်ဂျောင်ကုဆိုတာက..."

"မင်းရဲ့လက်ရှိချစ်သူ ခွန်းဆက်ဂျွန်ပဲ"

ထယ်ယောင်းတကယ်ကို ထိပ်လန့်အံ့ဩမိသွားသည်။ နတ်ဆရာမက မောင့်နာမယ်ကအစ သေချာပြောနိုင်နေခဲ့တာပဲ

"ထယ်..ထယ်ဘာလုပ်ရမလဲဟင်"

"ဘာမှလုပ်လို့မရဘူး သူက မင်းအနားမှာပဲနေမှာ မင်းရဲ့ချစ်သူကိုသတ်ပြီး မင်းကို အပိုင်သိမ်းမှာ
မင်းအသက်ကြီးလာတာနဲ့အမျှ သူကလဲ တစ်ရက်ထက်တစ်ရက် အားကြီးလာမှာ ပျက်စီးမှုတေမြင်နေတယ် လူသေတေ ဧကရာဇ်က သွေးအန်နေတဲ့ သူ့ကိုယ်သူ ပြန်မြင်ရောင်ပြီး အငြိုးတေကြီးနေတယ် ခွန်းဆက်ဂျွန်မှာ လွတ်လမ်းရှိပါ့မလား"

LOVE OR HATE (Ongoing)Where stories live. Discover now