part - 10

116 13 1
                                    

"မင်းသားငယ်လေး ထမင်းလေးနည်းနည်းလောက်ဖြစ်ဖြစ် သုံးဆောင်ပါအုံးလားကွယ် ဒီနေ့ဆိုရင် အစားမစားတာ သုံးရက်တောင် ရှိရောပေါ့ မယ်မယ်က ကျွန်‌တော်မျိုးမထံမှာ အသေချာအပ်ခဲ့တာကို ဒီလိုမျိုးလုပ်နေရင် မယ်မယ်လဲ ဘယ်စိတ်ဖြောင့်ပါ့မလဲ ဒီမိန်းမကြီးကို ဝမ်းနည်းပြီး သေသွားစေချင်တာပါလားရှင်"

"ငါ မစားချင်ဘူးလို့ ပြောထားတယ်မဟုတ်လား မယ်မင်းတို့ရဲ့ အဲ့ဒီအစားအသောက်တွေကို ပြန်ယူသွားလိုက်ပါ ကိုယ်တော် နားချင်ပြီ"

မင်းသားလေးက ခပ်နွမ်းနွမ်းလေး အမိန့်ပေးလာသောကြောင့် စိတ်ထဲ အင်မတန်မှ မကောင်းဖြစ်မိပါသည်။ ဒီအရွယ်ဟာ မိခင်ရင်ခွင်မှာ အေးအေးချမ်းချမ်း ခိုနားနေသင့်တာ မှန်တာမို့ လောလောလတ်လတ် မိခင်ကိုဆုံးရှုံးထားရတဲ့ မင်းသားငယ်လေးရဲ့ ရင်ထဲ မည်မျှပင် ပူလောင်နေရမည်ကို နားလည်ပါသည်။ အရှင်မင်းကြီးကလည်း ဖြောင်းဖြမရတာကြောင့် မိမိတို့လို အခြွေရံတွေဟာ ဘာတတ်နိုင်မှာလဲ။

"မင်းသားငယ်လေးရယ် နောက်ထပ်တစ်နာရီနေရင် ဓားရေးလေ့ကျင့်ရအုံးမယ်မဟုတ်ပါလား ဒီလိုသာဆို အားပြတ်ပြီး အိပ်ရာထဲ လဲသွားနိုင်ပါတယ် နာမကျန်းဖြစ်ရင် အရှင်မင်းကြီး အမြတ်တော်ရှနေပါ့မယ် မင်းသားလေးရယ်"

"အဲ့ဒီခမည်းတော်ဆိုတာကို ဘေးဖယ်ထားလိုက်စမ်းပါ မယ်မယ်ဆုံးသွားလို့ ပူဆွေးနေရမှန်းသိနေတာတောင် တစ်ချက်လေးမှ လာမကြည့်ခဲ့တာ "

"မင်းသားငယ်လေးရယ် "

"အရှင့်သား မယ်မယ်ရဲ့ကိုယ်ရံတော် ချွဲဗြောင်းဆူ တွေ့ခွင့်တောင်းနေပါတယ်"

"ကိုယ်တော် ဘယ်သူ့ကိုမှ မတွေ့ချင်တာမို့ ပြန်လွှတ်လိုက်ပါ"

"မယ်မယ့် နတ်ရွာစံမှုနဲ့ ပတ်သတ်ပြီး တင်ပြစရာရှိတယ်လို့ ပြောပါတယ် အရှင့်သား"

မယ်မယ်ဆိုတဲ့အသံကြားသည်နှင့် အရောင်လတ်လာသော မင်းသားငယ်လေးရဲ့ မျက်ဝန်းတို့။

"ကောင်းပြီ ဝင်ခွင့်ပြုလိုက် အထိန်းတော်ကြီး ဒါတွေကို ပြန်သိမ်းသွားလိုက်ပါ အဲ့အစားလက်ဖက်ရည် နှစ်ခွက် ယူလာခဲ့စေ"

LOVE OR HATE (Ongoing)Where stories live. Discover now