part - 5

224 22 4
                                    

နှင်းကျတဲ့ နေ့တစ်နေ့...။
ရာသီဥတုဟာ မသိမသာ အုပ်ဆိုင်းနေပြီး
နှင်းတို့ ထူထပ်စွာကျနေခဲ့သည်။‌
ကော်ဖီပူပူလေးတစ်ခွက်နဲ့ အနားယူလို့ ကောင်းတဲ့အချိန်မျိုးလေးပေါ့။ ဆက်ဂျွန်တစ်ယောက်
ထယ်ပေါက်စလေးကို ရင်ခွင်ထဲ ထည့်လို့ ပါးဖောင်းဖောင်းလေးတေကို အနမ်းခပ်ဖွဖွခြွေ၏။

"မောင့်ကို ပြောစရာရှိတယ်"

သူ့ရဲ့ ထယ်လုံးလေးက ခပ်တိုးတိုးလေးဆို၏။

"ဘာများလဲ ထယ်ရဲ့"

"ဘာလိုလိုနဲ့ တစ်လတောင် ပြည့်တော့မယ် ဒီလိုပဲ ထယ်နဲ့ ဆိုင်မှာ ကူနေလို့ အဆင်မပြေဘူးလေ"

"ထယ်က မောင့်ကိုတင်မကျွေးချင်တော့လို့လား"

ဂျောင်ကု တိုးတိုးလေးသာဆိုမိသည်။ သူ့မှာ ‌ပိုင်ဆိုင်တာရယ်လို့ ဒီဖြစ်တည်မှုလေးသာ ရှိတော့တာ ထယ့်ကိုတော့ အဆုံးရှုံးမခံနိုင်ပါ။

"မဟုတ်ပါဘူး ထယ်က မောင့်ကို တသတ်လုံး တင်ကျွေးထားနိုင်တယ် ဒါမဲ့ မောင်ရဲ့ အနာဂတ်ကိုတော့ ဒီလိုပဲမကုန်ဆုံးစေချင်ဘူး ထယ့်ရဲ့မောင်က လူတော်တစ်ယောက်ပဲလေ ထယ်ကမောင့်ကို ဒီထက်ပိုကောင်းတာတေပဲ ရစေချင်တာ မောင် သိရဲ့လားဟင်"

"မောင်က ထယ်ရှိရင် ရပါပြီ ဘာမှမလိုတော့ဘူး"

"ထယ့်မှာ စုထားတဲ့ပိုက်ဆံရှိတယ် အဲ့တာနဲ့ မောင်ရင်းနှီးပြီး လုပ်ငန်းတစ်ခုလောက် လုပ်လိုက်ပါလား မောင်က တော်တော့ သေချာပေါက်အောင်မြင်မှာ ထယ့်ဆီမှာဆိုလဲ ဒီတိုင်းပဲထားထားရမှာလေ "

တကယ်တမ်း သူ့ရဲ့ ပန်းဆိုင်လေးကို သေချာပြုပြင်ပြီး ပန်းဆိုင်ကြီးတစ်ခုဖွင့်ချင်ခဲ့တာကြောင့် စုဆောင်းထားခဲ့ခြင်းပင်။သို့သော် အခုလိုနေရတာ မောင်လဲ အားနာရှာမှာပေါ့ ထုတ်မပြောပင်မဲ့ သေချာပေါက် မောင်အားငယ်နေမယ်ဆိုတာ ထယ်သိသည်။

"အွမ်း ထယ်ပေးတဲ့အကြံလဲ မဆိုးပါဘူး ဒါမှ မောင့်ထယ်လေးကို တင့်တောင်း‌တင့်တယ်ထားနိုင်မှာ မောင်ကြိုးစားမယ် ထယ်"

"အွမ်း မောင်က အကောင်းဆုံးပဲ"

"ချစ်တယ် ထယ်"

LOVE OR HATE (Ongoing)Where stories live. Discover now