Part - 3

240 19 8
                                    

"အဲ့တစ်ယောက်က ဆက်ဂျွန်နဲ့ ကြိတ်ညားနေတယ်ဆိုတဲ့တစ်ယောက်မလား"

"ဟုတ်တယ်လေ ‌ဆက်ဂျွန်ကို အတင်းလိုက်ကပ်နေတာ ခုလဲ ဆက်ဂျွန်က ကောင်မလေးနဲ့ ပြတ်သွားပြန်ပြီ အဲ့တာလဲ သူ့ကြောင့်တဲ့"

"စိတ်ပြတ်ဖို့ကောင်းလိုက်တာဟယ်"

သူ့ဘေးမှ မိန်းကလေးနှစ်ယောက်ရဲ့စကားတေဟာ သူ့ကို စော်ကားလွန်းနေတာကို သိပါသည်။
သို့သော်ဘာမှပြန်မပြောချင်တာကြောင့် မသိချင်ယောင်သာဆောင်နေလိုက်တော့သည်။

"ထယ်"

"ဟင်! ကိုကို ဘယ်ကဘယ်လို.."

"အချွဲသန်တဲ့ ကလေးလေးကို လွမ်းလို့ ပြန်လာခဲ့တာ "

မြတ်မာန်က သူ့ကို ပြုံးရင်း ပြန်ဖြေသည်။
ထယ်ယောင်းလဲ မြတ်မာန်ကို လွမ်းနေတာမို့
ဖတ်ထားပြစ်လိုက်သည်။

"ဟော စကားတောင် မဆုံးသေးဘူး ချွဲနေပါရောလားကွာ"

"ဟင့်! ကိုကိုက ထယ့်ကိုတောင် အသိမပေးဘူး အင့်! ထယ်က ကိုကို့ကို လွမ်းနေတာ သိရဲ့လား အီးဟီး"

"မငိုပါနဲ့ကွာ ကိုယ်က ထယ့်ကို အံ့ဩစေချင်လို့
ဘာမှမပြောပဲ ရောက်ရောက်ချင်း တန်းလာခဲ့တာ ကိုယ်လဲ အများကြီး လွမ်းနေတာပါ"

"အင့်! ဟင့်!"

"ကဲပါ တိတ်တော့နော် အရင်အတိုင်းပဲ အငိုသန်တုန်း ကိုကိုမုန့်လိုက်ဝယ်ကျွေးမယ်လေနော် တိတ်တော့ "

" ပြီးရော "

မုန့်ဝယ်ကျွေးမယ်ဆိုမှ မျက်ရည်တေအတင်း‌သုတ်ပြီး ပြုံးပြလာတဲ့ ကောင်လေး။
တကယ့်ကို လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အတိုင်းပဲ
အသားလေးဖြူလာတာ အရင်ထက် ချစ်ဖို့ကောင်းလာတာကလွဲရင် တကယ်ကို အရင်အတိုင်းပဲ သူ့ရင်ကို လှုပ်ခတ်စေတုန်း..။

~~~~~~~~~~~~
ဆက်တိုက်မြည်နေတဲ့ဖုန်းကြောင့် ထယ်ယောင်းရေချိုးတာကို အမြန်အပြီးသတ်လိုက်ပြီး
ရေချိုးခန်းထဲက ထွက်လာခဲ့ရသည်။
ဖုန်းကို ကောက်ကိုင်လိုက်တော့ ထင်တဲ့အတိုင်း
ဆက်ဂျွန်ပင်။

"ဆက်ဂျွန် ပြော"

"မင်းဘာလုပ်နေတာလဲ ငါဖုန်းခေါ်နေတာ ဒီလောက်ကြာနေပြီ ဘာလို့ ခုမှလာကိုင်တာလဲ"

LOVE OR HATE (Ongoing)Where stories live. Discover now