part - 11

133 12 2
                                    

"အိမ်ရှေ့စံ ကျွန်တော်မျိုးဒီနေ့ပဲ လူသက်သေရခဲ့ပါပြီ အမှုကို မည်သို့ စီစဉ်ချင်ပါသလဲ မင်းကြီးကို ခုပဲ လျှောက်လိုက်ရပါတော့မလား"

"‌နေဦး မနက်ဖျန် ညီလာခံကို ကိုယ်တော်တက်မယ် အဲ့အခါ အားလုံးရှင်းကြတာပေါ့"

"သင့်မြတ်လှကြောင်းပါ အိမ်ရှေ့စံ"

ဂျွန်စေတန် မဲ့ပြုံး တစ်ခုဖန်တီးလိုက်သည်။ အဘယ်သော‌အကြောင်းမျိုးကြောင့် သူက သက်ညှာပေးရမည်တဲ့လဲ။ မယ်မယ့်အပေါ်လုပ်ရက်ခဲ့သူတွေအားလုံးရဲ့ နိဂုန်းဟာ အဆိုးရွားဆုံးဖြစ်စေရမယ်။ မယ်မယ့်အတွက် တန်ရာတန်ကြေး တရားမျှတမှုကို ပြန်အရယူမည်။ ဒါ သူ၏ ဆုံးဖြတ်ချက်။

~~~~~~~~~~~~~~~
"အရှင်မင်းကြီး ညီလာခံမှာ တင်ပြစရာကဝောာ့ ဒီလောက်ပါပဲ အရှင့်အနေနဲ့ ထိမ်း‌မြှားလက်ထပ်ဖို့ကိစ္စကို အဘယ်သို့ ဆုံးဖြတ်မလဲ အရှင် ပြည်သူတွေကလဲ သိချင်နေပါတယ်"

"ကိုယ်တော် စဉ်းစားအုံးမှာ‌မို့ ဒီလောက်နဲ့ပဲ ညီလာခံ သိမ်းကြတော့"

"ညီလာခံမှာ စိတ်ဝင်စားစရာလေးတေ တင်ပြစရာရှိသေးတာမို့ ခနလောက် နားထောင်ပေးပါအုံး ခမည်းတော်"

ညီလာခံသို့ ဝင်ရောက်လာသော အိမ်ရှေ့စံနှင့် ကိုယ်ရံတော် အချို့ကြောင့် ပြန်ရန်ပြင်နေသော သူများပင် အံ့ဩကာ ကြည့်လာကြသည်။
အိမ်ရှေ့စံက မည်သူ့ကိုမှ ဂရုမစိုက်သည့်အလား ဝင်ရောက်လာပြီး မင်းကြီး၏ မျက်နှာတည့်တည့်ကိုသာ စိုက်ကြည့်နေခဲ့သည်။

"အိမ်ရှေ့စံ ညီလာခံကို ယခုလို ကိုယ်ရံတော်တွေခေါ်လာမျိုးက စစ်အပြင် တိုင်းပြည်ပုန်ကန်မှုတွေပါ ဖြစ်လာနိုင်ပါတယ် ဘယ်သူက သစ္စာဖောက်ဖြစ်နေမလဲ မသိနိုင်တာမို့ ဆင်ခြင်သင့်ပါတယ် အရှင့်သား"

"ဟက်!"

ပညာရေးအမတ်ကြီး၏ စကားအား အိမ်ရှေ့စံ၏ မထီမဲ့မြင် တုံ့ပြန်မှုကြောင့် ညီလာခံမှာ ပို၍ စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့သည်။

"သားတော် ညီလာခံကို အပြင်လူခေါ်မလာသင့်တာ မသိပေဘူးလား ကိုယ်ရံတော်တွေကို ပြန်လွှတ်လိုက်ပါ သားတော်က ငယ်ရွယ်လွန်းတာမို့ ဒီတစ်ကြိမ်တော့ ကျော်သွားပေးမယ်"

LOVE OR HATE (Ongoing)Where stories live. Discover now