part - 14

116 16 4
                                    

[WARNING!!!
This is just my imagination.I don't want to hurt anyone.Thanks!!]

~~~~~~~~~~~~~~~
ထယ်ယောင်း ဂျောင်ကုကိုကြည့်ရင်း အလွန်ပင် စိတ်မချမ်းမသာဖြစ်မိသည်။ မောင့်တကိုယ်လုံးဟာ ရိုက်နှက်ဒဏ်ရာများဖြင့် ပြည့်နေတော့သည်။ ထယ်ယောင်းငိုတော့ မောင်က ထယ်ယောင်းမျက်ရည်တွေကို သုတ်ပေးရင်း ပြုံးပြလာသည်။ မောင့်အပြုံးက အတော်လေး အားတင်းကာ ပြုံးနေရသည်ကို ထယ်ယောင်းသိသည်။ ‌ထယ်ယောင်းမြတ်နိုးရတဲ့ မောင်မျက်နှာလေးဟာလည်း ဒဏ်ရာ ဘလပွဖြင့်။

"မောင့်ကို ဒီလိုဖြစ်အောင်လုပ်တာ အဲ့လူမလား! ဟင့်! ထယ်သူ့ကို သတ်ပြစ်မယ်"

"မောင် အဆင်ပြေပါတယ် ထယ်ရဲ့ မငိုရဘူးနော် သူ..သူ ထယ့်ကို အနိုင်ကျင့်သေးလား"

"မ..မကျင့်ပါဘူး"

ထယ်ယောင်း၏ ထစ်ငေါ့စွာထွက်လာသောစကားကြောင့် မောင်က ထယ်ယောင်းမျက်ဝန်းတွေကို စိုက်ကြည့်လာသည်။ မောင်က ထယ်ယောင်းစိတ်ကို သိပ်နားလည်တဲ့သူ။ မောင်က ထယ်ယောင်း ညှပ်ရိုးကို သေချာစိုက်ကြည့်နေသည်မို့ အင်္ကျီဖြင့် အမြန်ဖုံးလိုက်ရသည်။

"အင့်!"

ဂျောင်ကုက အဖုံးမခံပဲ အင်္ကျီအား လက်မောင်းထိ ဆွဲချပြစ်လိုက်သည်။ ‌ညှပ်ရိုးတေကနေ ရင်ဘတ်အထိ မရေမတွက်နိုင်သော အနီကွက်များက နေရာယူထားသည်။ ‌ထယ်ယောင်းက အလန့်တကြားဖြင့် အင်္ကျီအား အတင်းဆွဲဖုံးပြီး မျက်ရည်တွေကျလာသည်။

"ထယ် မဟုတ်မှ သူထယ့်ကို..."

"တောင်းပန်ပါတယ် ဟင့်! ထယ်ရအောင် ငြင်းဆန်ခဲ့သင့်တာ အင့်!"

"မငိုပါနဲ့ထယ်ရယ် ထယ့်အပြစ်မဟုတ်ဘူး မောင်မကောင်းတာ မောင်ထယ့်ကို သေချာကာကွယ်ပါ့မယ်လို့ ကတိပေးခဲ့ပြီး ‌တောက်! မောင်မကောင်းတာ မောင်အသုံးမကျလို့ ဖြစ်ရတာ"

ဂျောင်ကုက ကိုယ့်ပါးကိုယ် ရိုက်ရင်း ငိုသည်။
မိမိချစ်သူကို မကာကွယ်နိုင်ခြင်းက ယောက်ျားတစ်ယောက်အနေနဲ့ ရှက်စရာကောင်းသလို ရင်နာစရာလည်း ကောင်းလှသည်။

"မလုပ်ပါနဲ့ မောင်ရယ် မောင်ခုလိုလုပ်တာက ထယ့်ကို ပိုပြီး နာကျင်စေတာမို့ မလုပ်ပါနဲ့ ဟင့်!"

LOVE OR HATE (Ongoing)Where stories live. Discover now