Unicode
When You're Gone Chapter 4
"ဆွေး.....။ ဆွေး...... ထတော့နော်.....အပေါ်မှာ ပူလာပြီ.... "
ကျွန်တော့်ကို လှုပ်နှိုးနေတဲ့အသံတစ်ခုကြောင့် မျက်လုံးတွေအသာဖွင့်လိုက်မိတယ်။ မိုးလင်းနေပြီပဲ။ ဒီမနက်တော့ မိုးတိတ်သွားပြီ ထင်ရဲ့။ နေကအတော်ပူနေတယ်။ ဒီထပ်ခိုးလေးကခေါင်မိုးနဲ့အတော် နီးတာကြောင့်တဖြည်းဖြည်းပူလာတာမို့ ခက်ဝေကျွန်တော့်ကို လာနှိုးနေတာပဲ။
သူက ကျွန်တော်နေကောင်းရဲ့လားဆိုပြီးတော့လည်း နဖူးကိုစမ်းသပ်နေသေးတယ်။
"အဖျားတော့ကျသွားပြီပဲ။ အောက်ကိုမြန်မြန်ဆင်းရအောင်။ မဟုတ်ရင်အပူပြန်ရှပ်နေလိမ့်မယ်။"
ခက်ဝေက ကျွန်တော့်ကိုပြောနေရင်း အောက်ပြန်ဆင်းသွားတယ်။ ကျွန်တော်အောက်ရောက်လာတော့သူက လှေကားလေးကိုပြန်ခေါက်သိမ်းပြီး မနက်စာအတွက်ပြင်ဆင်ထားကြောင်းပြောတယ်။ ကျွန်တော် မျက်နှာသစ်ပြီး အပြင်ကိုပြန်ထွက်လာတော့ ကျွန်တော်တို့ပန်းဆိုင်လေးထဲ သူက စားပွဲတစ်လုံးချပြီး ကော်ဖီအိုးကိုကိုင်လို့ ခွက်တွေထဲ ငှဲ့ပေးနေတယ်။ ကော်ဖီနံ့သင်းသင်းလေးရဲ့ မွှေးရနံ့က စိတ်ကိုလန်းဆန်းသွားစေတာပဲ။ ကျွန်တော်ဝင်ထိုင်လိုက်တော့ သူကဂဏန်းသားလေးတွေနွှင်ချက်ထားတဲ့ ဆန်ပြုတ်ပူပူလေးကို ခပ်ထည့်ပေးနေတယ်။ သူလည်းအဲဒါပဲသောက်မယ့်ပုံပဲ။ နေမကောင်းတာက ကျွန်တော်ဆိုပေမယ့် သူကပါလူမမာစာတွေလိုက်စားနေတာပဲ။
"မြည်းကြည့်ပါဦး....."
သူကပြောရင်း ဇွန်းလေးကမ်းလာတော့ သူခွံကျွေးတာကို ကျွန်တော်မြည်းကြည့်လိုက်တယ်။
"ကောင်းတယ်....ချိုချိုလေးပဲ....."
"တော်သေးတာပေါ့....ကိုယ်ကဆွေးမကြိုက်မှာစိုးနေတာ...."
ကျွန်တော် ကြိုက်တာကိုသူက ကျေနပ်သွားဟန်နဲ့ပြန်ထိုင်ချလိုက်ပြီး ကျွန်တော့်ဆီ ဆန်ပြုတ်ပန်းကန်လေးတွန်းပေးတယ်။ ပြီးတော့ သူလည်းဖြည်းဖြည်းချင်းသောက်နေတယ်။ ပြီးတော့ သူကခပ်ပြုံးပြုံးနဲ့
![](https://img.wattpad.com/cover/298484645-288-k317960.jpg)
YOU ARE READING
When You're Gone (BL OC)
Romance"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...