Unicode
When You're Gone Chapter 6
အသိစိတ်တွေပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာပဲ ပျော်ရွှင်ကြည်နူးမှုဆိုတာလည်း တစ်ခါတည်းလိုက်ပါလာတယ်။ ကျွန်တော်ဖက်တွယ်ထားမိတဲ့ ခပ်နွေးနွေး ခန္ဓာကိုယ်ရယ်၊ နှာဖျားထဲကို အသာတိုးခွေ့လာတဲ့ကိုယ်သင်းနံ့တစ်ခုရယ်၊ ကျောပေးထားတာတောင် ကျွန်တော့်အတွက်အားအင်ဖြစ်စေတဲ့ ဖြစ်တည်မှုတစ်ခုရယ်။ အရာရာဟာ မြတ်နိုးစရာပဲ။
မျက်လုံးတွေကိုအသာဖွင့်ကြည့်လိုက်တော့ မနက်ခင်းကကျွန်တော့်ကိုကြည်လျစွာကြိုဆိုနေတယ်။ ပြတင်းတံခါးကဝင်လာတဲ့နေရောင်ခြည်ပါးပါးရိပ်ရိပ်က ကျွန်တော်တို့ကိုအုပ်မိုးထွေးပွေ့ဖို့ကြိုးစားနေတယ်။ ခက်ဝေကတော့အိပ်ပျော်နေတုန်းပဲ။ ကျွန်တော်သူ့ကျောပြင်ဆီ တိုးခွေ့နေရင်းနဲ့ သူ့ကိုဖက်ထားမိတယ်။ မြတ်မြတ်နိုးနိုးပဲ။ သူနဲ့ကျွန်တော်က ရှည်လျားတဲ့ညတစ်ညကို အတူတူဖြတ်သန်းခဲ့ပြီးတာတောင် သူ့ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်က ကောင်းကောင်းမပျောက်သေးတာမို့ သူ့ကိုဒီလိုမျိုးဖက်တွယ်ထားရတယ်။ တင်းတင်းကြပ်ကြပ် ဆိုပေမယ့် သူနေရခက်မှာလဲ စိုးလွန်းပါရဲ့။
"..........."
ခက်ဝေက အိပ်နေရင်းလူးလွန့်လာပြီး ကျွန်တော့်ဘက်ကိုလှည့်လာတော့ ကျွန်တော်အသက်ရှူဖို့သတိမေ့လျော့စွာနဲ့ သူ့ကိုကြည့်နေမိပြန်တယ်။ ခက်ဝေရဲ့မျက်နှာက သိပ်ပြီးကြည့်ကောင်းလွန်းတယ်လို့ခံစားရတယ်။ ဖြောင့်စင်းစင်းနှာတံကထွက်ခွာလာတဲ့ ဝင်သက် ထွက်သက်တွေရဲ့တိုးတိုက်သံကို ကျွန်တော်ကြားနေရတယ်။ နောက်ပြီးတော့ နှုတ်ခမ်းပါးတွေ။ ကျွန်တော့်ကို တရှိုက်မက်မက်နမ်းခဲ့ပေးတဲ့ ဒီနှုတ်ခမ်းပါးတွေကလည်း အစိုဓာတ်ရှိနေတုန်းပဲ။ ပြီးတော့ အထက်ကို ကော့ပျံနေတဲ့ မျက်တောင်ရှည်တွေ။ မီးခြစ်ဆံတစ်ခုတင်ထားရင်တောင်ပြုတ်မကျနိုင်လောက်အောင် အထက်ကိုကော့နေတာပေါ့။ ခက်ဝေရဲ့မျက်နှာအစိတ်အပိုင်းတိုင်းကလည်း ဆီဆေးပန်းချီတစ်ကားလိုလှပသေသပ်တယ်။ သေသေ ချာချာကြည့်မယ်ဆိုရင် ခက်ဝေရဲ့မျက်နှာပေါက်က ဗြိတိန်နိုင်ငံသားတွေရဲ့မျက်နှာပေါက်မျိုးနဲ့တောင် ဆင်ဆင်တူတယ်။
YOU ARE READING
When You're Gone (BL OC)
Romance"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...