When You're Gone Chapter 13

620 67 59
                                    

Unicode

When You're Chapter 13

"ဒီတစ်ကြိမ်တော့ ဆေးအသစ်တစ်မျိုးပြောင်းပေးထားတယ်..ကာရန်။ မကြာခဏမောတာမျိုးမရှိတော့ဘူးဆိုရင် ရလဒ်ကောင်းလာတယ်လို့တော့ပြောလို့ရပါတယ်။ ဒါပေမဲ့...ခက်ဝေကိုယ်တိုင်လိုက်လာရင်တော့ ကောင်းတာပေါ့။ စမ်းသပ်ကုသမှလဲ ပိုပြီးတော့ထိရောက်နိုင်မှာလေ။ ကျွန်မပြောတာ ကာရန် သိတယ်မဟုတ်လားဟင်။"

ကျွန်တော် ခေါင်းငြိမ့်ပြီးဆရာမလေးပေးတဲ့ ဆေးပုလင်းတွေကို သေသေချာချာကြည့်နေမိတယ်။

"ဟုတ်ကဲ့.....နောက်တစ်ခါဆိုရင်တော့ ခေါ်လာနိုင်အောင်ကြိုးစားပါမယ်။"

ဆရာမလေးကခေါင်းငြိမ့်တယ်။ စကားပြောရင်းနဲ့လည်း ခုံပေါ်တင်ပြီးယှက်ထားတဲ့လက်ချောင်းတွေကို စိတ်လှုပ်ရှားစွာနဲ့ လှုပ်ရှားနေသေးတယ်။ နောက် တစ်ခုခုကိုစဥ်းစားပြီးမှသာ ဆက်ပြောတယ်။

"အင်း....ဘာပဲဖြစ်ဖြစ် ဆေးလေးသောက်တယ်ဆိုတော့ တော်ပါသေးတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်မက မြို့ဆေးရုံအထိတက်ပြီးအရှင်းပျောက်အောင် ကုခိုင်းစေချင်တာ။"

ကျွန်တော်လည်း ဆရာမလေးပြောသလိုဖြစ်စေချင်သူပါပဲ။ ဒါပေမဲ့ ခက်ဝေက တစ်ခါတလေမှာကလေးဆိုးကြီးတစ်ယောက်လိုပဲ။ ဆေးရုံ၊ ဆေးခန်းသွားဖို့အတွက်ကို ဂျီတိုက်ပြီးစျေးဆစ်နေသေးတယ်။

"အဲဒါကတော့.....ကျွန်တော် သူနဲ့တိုင်ပင်ကြည့်ပါဦးမယ်။"

"အင်း....ကာရန်ကြိုးစားကြည့်ပါ....သူသာလက်ခံတယ်ဆို ကျွန်မအကုန်လုံးအဆင်သင့်ဖြစ်အောင် စုံစမ်းထားလိုက်မယ်။ အဓိကက သူသက်သာဖို့ပါပဲ။"

ဆရာမလေးက အပြုံးတစ်ပွင့်နဲ့အတူပြောနေတယ်။ ကျွန်တော်နဲ့ ခက်ဝေရဲ့ဆက်ဆံရေးကိုသိနေပြီးတာတောင် ခက်ဝေအပေါ် ဂရုတစိုက်ရှိနေပေးတယ်။ ဆရာမလေးရဲ့ မျက်နှာထားနဲ့ စကားလုံးတွေကိုကြည့်ရုံနဲ့ ခက်ဝေကိုချစ်နေသေးတယ်ဆိုတာတော့ သိသာထင်ရှားလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာလည်း ဆရာမလေးနဲ့ ပက်သက်ရင်တော့ သဝန်တိုဖို့မလိုလောက်အောင်ကို စိတ်ချထားရတယ်။ ဘာကြောင့်လဲဆို ခက်ဝေက ကျွန်တော်ကလွဲရင် ဘယ်သူ့ကိုမှကြည့်မနေတော့လို့ပါပဲ။

When You're Gone (BL OC)Where stories live. Discover now