Unicode
When You're Gone Chapter 24
မနက်ခင်းတိုင်းမှာ ဖြာကျလာတတ်တဲ့ နေရောင်ခြည်တွေဟာ တကယ်ကိုအချိန်မှန်တယ်။ လောကကြီးဘယ်လိုပဲ ဖြစ်စေဖြစ်စေ။ သူဟာအချိန်တန်ရင်ရောက်ရှိလာတာပဲ။
ကျွန်တော်တို့ နှစ်ဦးစလုံးပျော်ရွှင်နေခဲ့ဖူးတဲ့ ကမ်းခြေလေးမှာတုန်းကလည်း နေရောင်တွေဟာရောက်ရှိလာတယ်။ ရေလှိုင်းတွေကို ဖွဖွလေးထိပုတ်ပြီး သူရောက်ရှိလာကြောင်းကို ရွှေအိုရောင်အလင်းတန်းတွေနဲ့ပြသတယ်။ အခု ကျွန်တော်တို့ကို မကြိုဆိုတဲ့ ခမ်းခမ်းနားနားအိမ်ကြီးမှာလည်း ဒီလိုပဲ။
ဆွတ်ဆွတ်ဖြူနေတဲ့ နံရံတွေပေါ်သူဟာ အချိန်မှန်ရောက်လာတယ်။ အစိမ်းရောင် ခပ်ရေးရေးခြယ်တဲ့ ဇွန်ပန်းရုံတွေပေါ်၊ ဥယျာဥ်ကျယ်ကြီးထဲက အဖြူရောင် နှစ်ယောက်စီး ဒန်းလေးအပေါ်၊ ခြံဝန်းအလယ်က လူလုပ်ရေတံခွန်မှာစောင့်ကြပ်နေတဲ့ ငန်းဖြူရုပ်လေးအပေါ် စသဖြင့် နေရောင်တွေဟာ ဒီနေရာတစ်ခုလုံးကို ဖောဖောသီသီကျရောက်နေတယ်။
အလင်းတန်းတွေ သိပ်သိပ်သည်းသည်းကျဆင်းနေတဲ့ နေရာတိုင်းကို ကျွန်တော်ကြည့်နေတုန်းမှာပဲ ကျွန်တော်ကို အနောက်ကသိုင်းဖက်လာတဲ့ လက်တစ်စုံ။
ခက်ဝေရဲ့နှလုံးခုန်သံက ကျွန်တော့်ကျောပြင်နဲ့အတော်နီးကပ်နေတာကိုခံစားရတယ်။ သူကျွန်တော့်ကို ပွေ့ဖက်ထားတဲ့လက်ကလေးတွေက နူးညံ့မှုအပြည့်နဲ့ ခပ်နွေးနွေးရယ်။
ကျွန်တော်ဟာ ဘယ်လိုပူပင်သောကမှ မရှိတဲ့ သက်ပြင်းတစ်ခုကိုသက်သောင့်သက်သာဖြစ်စွာနဲ့ပဲ ချလိုက်မိတယ်။
ကျွန်တော်မြတ်နိုးရတဲ့သူက ကျွန်တော့်ကိုချစ်ခင်ကြင်နာစွာ ပွေ့ဖက်ထားတဲ့အခါ ကျွန်တော်မြင်နေသမျှအရာရာက ပိုပြီးလှပသွားတာပါပဲ။ ကျွန်တော့်အိမ်မဟုတ်ပေမယ့် မြင်နေရသမျှမြင်ကွင်းတွေကို ကျွန်တော်ဟာ သဘောကျမိနေတယ်။
တကယ်တမ်းတော့ ကျွန်တော့်အတွက်က ခက်ဝေရှိနေသမျှ နေရာတိုင်းကအိမ်ပါပဲ။ အဲဒါက ကမ္ဘာမြေကြီးရဲ့ဘယ်နေရာမဆိုဖြစ်နိုင်တယ်။
![](https://img.wattpad.com/cover/298484645-288-k317960.jpg)
ŞİMDİ OKUDUĞUN
When You're Gone (BL OC)
Romantizm"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...