When You're Gone Chapter 15.

689 67 64
                                    

Unicode

When You're Gone Chapter 15

သူတို့နှစ်ဦးဟာ တကယ်ပဲဘယ်သူတွေများလဲ။ ခက်ဝေက ဒူးထောက်ချလိုက်ပြီး ကလေးရဲ့ပါးစုံလေးတွေကိုသူ့လက်ဖဝါးတွေနဲ့ထိထားတာမြင်တော့ ကျွန်တော့်နှလုံးသားတစ်ခုလုံးက နာကျင်လာတယ်။

"ဒက်ဒီ့ပင်ကီလေး နေကောင်းလား ...."

"ပင်ကီနေကောင်းပါတယ်...ဒါပေမဲ့ ဒက်ဒီ့ကိုတော့သတိရတယ်...."

ကလေးကိုမေးလိုက်တဲ့ ခက်ဝေရဲ့အသံကလည်းနာကျင်ဝမ်းနည်းပုံပေါက်ပေမယ့် တစ်မျိုးတစ်ဖုံတော့နူးညံ့နေတယ်။ ခက်ဝေကို စူးစိုက်ကြည့်နေတဲ့ လှိုင်းတွန့်ဆံပင်တွေနဲ့အမျိုးသမီးကတော့ အရှေ့ကိုပိုတိုးလာတယ်။ ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပေမယ့် အဖက်လုပ်ပြီးစကားပြောနေစရာမလိုတဲ့ပုံစံမျိုးနဲ့သာကြည့်ပြီး ချက်ချင်းဆိုသလို ခက်ဝေဆီသာ အကြည့်လွှဲသွားတယ်။

"နိုရာ မောင့်ကိုလာခေါ်တာ......"

ပိုင်စိုးပိုင်နက်ဆန်စွာပြောလိုက်တဲ့ အဲဒီအမျိုးသမီးရဲ့စကားသံကိုကြားတော့ ခက်ဝေက အဲဒီအမျိုးသမီးကိုမော့ကြည့်လာတယ်။ ခက်ဝေရဲ့မျက်လုံးတွေက မယုံနိုင်စရာကောင်းတဲ့ အရာတစ်ခုကိုကြည့်နေရသလိုမျိုး မျက်ခုံးတွေကအစ အနည်းငယ်မြင့်တက်ပြီးအံ့သြနေတယ်။

အဲဒီအချိန်မှာပဲ ဝေဟင်က ကျွန်တော့်လက်ကောက်ဝတ်တစ်ဖက်ကို ဆောင့်ဆွဲပြီးခြံပြင်ကိုခေါ်ထုတ်လာတယ်။

"ငါ့ကိုလွှတ်........"

"မင်း...လိုက်ခဲ့စမ်းပါ......"

"ဝေဟင်........."

ကျွန်တော်တို့နှစ်ယောက် ရုန်းရင်းဆန်ခတ်နဲ့ခြံပြင်ကိုရောက်လာကြချိန်မှာပဲ ကျွန်တော် ဝေဟင့်လက်ထဲကဆောင့်ရုန်းလိုက်ပြီး ဝေဟင့်မျက်နှာကို ဖြန်းခနဲတစ်ချက်ပိတ်ရိုက်လိုက်တယ်။ သူဘာလို့ဒီလိုလုပ်ရတာလဲ။ သူဘာလို့ အေးချမ်းနေတဲ့ခက်ဝေနဲ့ ကျွန်တော့်ရဲ့ကြားကိုအပြင်လူတွေခေါ်လာခဲ့ရတာလဲ။

ကျွန်တော် ခြံထဲပြန်ဝင်ဖို့လုပိတော့ ဝေဟင်က ကျွန်တော့်ကိုထပ်ဆွဲထားပြန်တယ်။

When You're Gone (BL OC)Where stories live. Discover now