Unicode
When You're Gone Chapter 9
"ဆွေးရေ....အဆင်သင့်ဖြစ်ပြီလား...."
"ခဏလေး ခက်ဝေ ပစ္စည်းတွေ ကျန်ခဲ့မှာစိုးလို့ပါ......"
ကျွန်တော် လှမ်းအော်မိရင်း ပစ္စည်းတွေစုံအောင်ထည့်နေမိတယ်။ ဒီနေ့ ခက်ဝေက ဆရာကြီးနဲ့အတူ မရောက်ဖူးတဲ့ကျွန်းတွေဘက်ကိုသွားမယ်ပြောတာကြောင့် မနက်ခင်းစောစော ထပြီးပြင်ဆင်နေမိတယ်။ ကျွန်တော်တို့ ကမ်းခြေလေးကနေလှမ်းမြင်နေရတဲ့ စိမ်းစိမ်းညို့ညို့ကျွန်းလေးတွေပေါ်ရောက်သွားတဲ့အခါ ဘယ်လောက်လှနေမလဲဆိုတာတွေးရင်း ရင်ခုန်နေမိတယ်။
အကုန်လုံးအဆင်သင့်ဖြစ်သွားတော့ ကျွန်တော် ကျောပိုးအိတ်ကိုလွယ်ပြီး ခက်ဝေလက်ကိုတွဲလိုက်မိတယ်။ ခက်ဝေကလည်း ကျောပိုးအိတ်တစ်လုံးလွယ်ထားတယ်။ ထူးဆန်းတာတစ်ခုက ခက်ဝေကျောပိုးအိတ်ထဲမှာ ရှိနေတဲ့ပစ္စည်းတွေက ကျွန်တော့်အတွက်ဖြစ်ပြီး ကျွန်တော့်ကျောပိုးအိတ်လေးထဲမှာ ရှိနေသမျှအရာအားလုံးကလည်း ခက်ဝေအတွက်ပါပဲ။
"ဒီနေ့ နေသိပ်မပူသလိုပဲ။ ရာသီဥတုကသိပ်ကောင်းနေတယ်။"
ခက်ဝေက စီးကရက်တစ်လိပ်ကိုသောက်ပြီး ပင်လယ်ဘက်ကိုကြည့်နေရင်းမှ ကျွန်တော်ရောက်လာတော့ သူ့နှုတ်ခမ်းမှာတေ့ထားတဲ့စီးကရက်ကို ဖယ်ချလိုက်တယ်။
"ကိုယ့်ကိုဆေးလိပ်သောက်ခွင့်ပေးမှာလား....ဆွေးမကြိုက်ရင် ကိုယ် မသောက်ဘဲနေပါ့မယ်။"
သူက သိပ်ကိုနူးညံ့စွာနဲ့ခွင့်တောင်းတယ်။ ဆေးလိပ်က လူအတွက်သိပ်မကောင်းတာမို့ ကျွန်တော်မသောက်စေချင်ပေမယ့် သူစိတ်ပါလို့သောက်နေတဲ့အရာကိုတော့ တားမြစ်ချင်စိတ်မရှိဘူး။ ကျွန်တော်က သူလုပ်ချင်တဲ့အရာမှန်သမျှကို လုပ်နေစေချင်ပြီး သူ့ကိုစိတ်ချမ်းသာစေချင်တာလေ။
"သောက်ပါဗျာ...ရပါတယ်။"
သူက ပြုံးတယ်။ နောက်ပြီး လက်ကျန်ဆေးလိပ်ကိုနည်းနည်းရှိုက်နေရင်းမှ ကျွန်တော့်လက်ကိုတွဲပြီး ဆရာကြီးစောင့်နေတဲ့စက်လှေရှိရာဘက်ကိုထွက်လာခဲ့ကြတယ်။
![](https://img.wattpad.com/cover/298484645-288-k317960.jpg)
YOU ARE READING
When You're Gone (BL OC)
Romance"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...