Unicode
When You're Gone Chapter 17
ကျွန်တော်တို့ရဲ့အိမ်လေးပေါ်မှာ မဖိတ်ခေါ်ခဲ့တဲ့ဧည့်သည့်ရှိနေတာမို့ ကျွန်တော်နဲ့ ခက်ဝေက လတ်တလော ပန်းဆိုင်လေးမှာပဲနေဖြစ်ကြတယ်။ လူနှစ်ယောက်နေဖို့အတွက် ပြည့်စုံလှတာမဟုတ်ပေမယ့် ကျွန်တော့်အတွက် အရေးအကြီးဆုံးသောသူက အနားမှာရှိနေတာမို့ ကျွန်တော်ကတော့ ပျော်နေလျက်ပါပဲ။
နိုရာက ကျွန်တော်တို့ဆီရောက်မလာပေမယ့် ကလေးကိုတော့ ဝေဟင်နဲ့အတူထည့်ပေးလိုက်တယ်။ ခက်ဝေကိုတွေ့လိုက်တိုင်း ဒက်ဒီလို့အော်ပြီး ဝမ်းပန်းတသာပြေးလာတဲ့ ကလေးလေးက အရာအားလုံးအတွက် အပြစ်ကင်းပါတယ်။ ပင်ကီက သိတတ်လာတဲ့အရွယ်ရောက်တယ်ပြောရမလား။ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာကို သင်ယူလာတတ်တဲ့အရွယ်လေးရောက်လာတယ်ပြောရမလား။ ခက်ဝေကိုသိပ်တွယ်ကပ်တယ်။ ခက်ဝေကို အကြာကြီးနေမှတွေ့ရတာကြောင့်လည်း ခက်ဝေလက်ပေါ်ရောက်ပြီးရင် အောက်ပြန်မဆင်းချင်လောက်အောင်ပဲ။
အခုလည်း ခက်ဝေက ပင်ကီ့ကို ကမ်းခြေမှာအတူတူဆော့ပေးနေတာမို့ မလှမ်းမကမ်းကနေ ကျွန်တော် ကြည့်နေမိတယ်။ လေပြည်တွေတိုက်လာပြီး ရာသီဥတုက မပူလှတော့ နေလို့ထိုင်လို့ကောင်းနေတယ်။ ခက်ဝေက သဲတွေကိုရဲတိုက်လုပ်နေပြီး ကလေးနဲ့အတူဆော့နေတယ်။ ကမ်းစပ်နားမှာဆော့နေကြတာမို့ ရေလှိုင်းတွေရောက်လာတဲ့အခါ ခက်ဝေဆောက်ထားတဲ့ရဲတိုက်ဆီ အဲဒီရေလှိုင်းတွေက လူးကာလှိမ့်ကာတိုးခွေ့လာတယ်။ ဒါပေမဲ့ ရဲတိုက်တွေကို ပြိုကျမသွားစေဘဲ လှိုင်းပုတ်ရုံကလေးသာပုတ်ပြီး အဝေးပင်လယ်ပြင်ဆီကို ပြန်လည်ထွက်ခွာသွားကြပြန်တယ်။
နောက်တော့ ခက်ဝေက ပင်ကီ့ကိုပေါင်ပေါ်တင်ပြီး ခရုခွံလေးတွေပြနေတယ်။ ပင်ကီကလည်း ချစ်စရာကောင်းတဲ့ ခရုခွံ
ဆန်းဆန်းလေးတွေကို ကြည့်ရင်း ခက်ဝေကို မော့ကြည့်နေသေးတယ်။ ပင်ကီ့ရဲ့အပြာဘက်သမ်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက ခက်ဝေရဲ့ မျက်လုံးတွေအတိုင်းပဲ။ အဲဒီကလေးလေးက သိပ်ကိုလှပတဲ့ ပင်လယ်ပြာမျက်လုံးတွေကို ကျွန်တော် ချစ်တဲ့ အမျိုးသားဆီကအမွေရထားတယ်။
YOU ARE READING
When You're Gone (BL OC)
Romance"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...