When You're Gone Chapter 5

982 90 46
                                    

Unicode

When You're Gone Chapter 5

အချိန်တွေကပဲ အရင်ကတည်းက ဒီလိုမျိုး အလွယ်တကူကုန်ဆုံးတတ်တာလား၊ ခက်ဝေအနားမှာရှိ​နေရလို့ပဲ ဒီအချိန်တွေကို လွယ်လင့်တကူ ကျော်ဖြတ်နိုင်ခဲ့တာလားမသိပေမယ့် ကျွန်တော်ဟာ ဒီကမ်းခြေလေးမှာသောင်တင်လာရင်းနဲ့ ရက်ပေါင်းများစွာကုန်ဆုံးသွားခဲ့တယ်။ နေ့ခင်းအချိန်တွေဆို အရောင်အသွေးစုံလင်တဲ့ ပန်းပွင့်တွေ၊ ညချမ်းအချိန်တွေဆို ကောင်းကင်ကြီးကနေ ကျွန်တော်တို့ကို ငုံ့လျှိုးကြည့်နေတဲ့ ကြယ်ပွင့်တွေကိုအဖော်ပြုလို့ပေါ့။ နောက်ပြီးတော့ ခက်ဝေနဲ့အတူ။

သူက ကျွန်တော့်အတွက် မနက်ခင်းတိုင်းမှာရော ညခင်းတွေတိုင်းမှာရော ရှိနေပေးတယ်။ ကျွန်တော်ကလည်း ထို့နည်းလည်းကောင်းပါပဲ။ ကျွန်တော်တို့နှစ်ယောက်က ခေါင်းစဥ်တပ်ထားတဲ့ပက်သက်မှုဆိုတာမျိုးမရှိပေမယ့် တစ်ယောက်အတွက်တစ်ယောက်အမြဲရှိနေကြတယ်။ ကျွန်တော်တို့နှစ်ယောက်က အမြဲတမ်းအတူတူရှိနေကြလွန်းလို့ အခုဆိုရင် စျေးတန်းလေးထဲဖြတ်လျှောက်သွားလို့ တစ်ယောက်မပါဘူးဆိုရင် နောက်တစ််ယောက်ရောလို့ စျေးဆိုင်ပိုင်ရှင်တွေက မေးကြတယ်။ ခက်ဝေအတွက်တော့ မသိပေမယ့် ကျွန်တော့်အတွက်တော့ ဒါဟာပျော်စရာ။ ကြည်နူးစရာပါပဲ။

"ဆွေး.... ဘာတွေလုပ်နေတာလဲ....လက်ထိနေပါမယ်။"

ခက်ဝေက ကျွန်တော့်လက်ထဲက တူနဲ့သံကိုလွှဲယူလိုက်ပြီး ကျွန်တော်ရိုက်လက်စနေရာမှာ ဆက်ရိုက်နေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကသူဝယ်လာခဲ့တဲ့ ပြက္ခဒိန်လေးကိုချိတ်ဖို့ပေါ့။ မကြာခင် နှစ်တစ်နှစ်ကိုကူးပြောင်းသွားတော့မယ်လေ။ သူနဲ့ကျွန်တော်အတူတူရှိနေခဲ့တာ တစ်နှစ်ဆိုတဲ့အချိန်တောင်ရှိလာတော့မယ်။

ကျွန်တော်ရိုက်မယ့်သံချောင်းကို ကိုယ်စားရိုက်ပေးနေတဲ့သူ့ကိုကြည့်ရင်း ကျွန်တော် ငြိမ်နေမိတယ်။ သူနဲ့ပက်သက်တဲ့အကြောင်းတွေကို လေးလေးနက်နက်တွေးတောနေမိတယ်။ ခက်ဝေက ဘာတစ်ခုမှမပြောင်းလဲသေးဘူး။ အံ့သြစရာကောင်းလောက်အောင် မျက်ဝန်းအကြည့်လေး တစ်ခုကအစ နူးညံ့ညင်သာတဲ့အပြုံးကြည်တွေအဆုံး ဘာဆိုဘာမှပြောင်းလဲသွားတာမရှိဘူး။ စတွေ့တုန်းကလိုပဲ ကျွန်တော့်ကို ဂရုစိုက်ပေးတယ်။ ကျွန်တော့်အတွက်ဆို အပ်တိုလေးတစ်ချောင်းကအစ လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးတယ်။ အဲဒီလိုဆိုပြီး ကျွန်တော့်ဆီကပြန်ပြီးတောင်းဆိုတာ ဘာဆိုဘာမှမရှိပါဘူး။  အဲဒါကြောင့်လဲ ကျွန်တော်ဟာသူ့ကို တစ်နေ့တခြား ပိုလို့သဘောကျလာမိတယ်။ ဒီလိုလူမျိုးကို ကျွန်တော် သဘောမကျမိရင်၊ မမက်မောပဲနေမိရင် ကျွန်တော်ဟာ နှလုံးသားမရှိတဲ့သူပဲဖြစ်လိမ့်မယ်ထင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ။

When You're Gone (BL OC)Where stories live. Discover now