Unicode
When You're Gone Chapter 11
ညနေစောင်းပြီး မိုးချုပ်လာတဲ့အထိ ခက်ဝေ ပြန်မလာသေးတာကြောင့် ကျွန်တော် ညစာကိုသာချက်နေမိတယ်။ ဆရာကြီးကတော့ပြောတယ်။ ခက်ဝေက ကမ်းခြေနားမှာရှိနေပါတယ်တဲ့။ ထိုင်နေတယ်လို့ပြောတယ်။ ဆရာကြီးက အဝေးကနေ ခက်ဝေကိုစောင့်ကြည့်ပေးနေတာမို့ စိတ်မပူပါနဲ့တဲ့လေ။
အဲဒါကြောင့် ကျွန်တော်လည်း စိတ်ပူနေတာကိုလျှော့ချပြီး ကြက်သားစွပ်ပြုတ်အိုးလေးကိုမွှေနေမိတယ်။ ဘာကိုမှမတွေးတော့ဘဲ သူနဲ့အတူတူစားဖို့ ကြက်သားလေးကိုနူးနေအောင်ပြုတ်နေမိတယ်။ ပဲပြားတုံးလေးတွေ အရွယ်ညီညီလှီးပြီးတော့လည်းထည့်လိုက်တယ်။ နောက်ပြီး မုန်ညင်းရွက်စိမ်းစိမ်းလေးတွေ။ ကျွန်တော် ချက်တတ်သလိုချက်နေတုန်းမှာပဲ အိမ်ရှေ့ကတံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့ ခက်ဝေဖြစ်နေတယ်။
အိမ်အပြင်ကိုလှမ်းကြည့်လိုက်တော့ ဆရာကြီးနဲ့ ဆရာမလေးချယ်ရီကတော့ တရွေ့ရွေ့နဲ့ပြန်သွားကြတာကိုလှမ်းမြင်ရတယ်။
"ပြန်လာပြီလား......ကျွန်တော် ညစာချက်နေတာ...ကောင်းမကောင်းတော့မသိပါဘူးဗျာ....."
အခြေအနေကိုပေါ့ပါးစေချင်တာကြောင့် ဒီတစ်နေ့လုံး ဘာကိစ္စမှမဖြစ်ခဲ့သလို ကျွန်တော် ပြောပြီး စွပ်ပြုတ်အိုးကိုသာမွှေနေမိတယ်။ ခက်ဝေကတော့ ကျွန်တော့်အနားကိုရောက်လာပြီး ဟင်းရည်အိုးမွှေနေတဲ့ ကျွန်တော့်ကိုအနောက်ကသိုင်းဖက်လိုက်တယ်။ လေတိုက်ထဲမှာနေလာတာကြောင့်လားမသိဘူး။ သူ့ခန္ဓာကိုယ်က နည်းနည်းအေးစက်နေတယ်။ သူ့လက်တွေကကျွန်တော့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်းနဲ့ ကျွန်တော့်ပခုံးပေါ်မေးတင်လာတယ်။
"မွှေးလိုက်တာ... ကိုယ်ဗိုက်ဆာလာပြီ....."
"ခဏလေးပဲစောင့်...... "
အငွေ့တလူလူနဲ့ ဟင်းရည်အိုးလေးတပွက်ပွက်ဆူလာတာကို စောင့်နေကြရင်း ကျွန်တော်တို့ငြိမ်သက်နေမိကြတယ်။ ခက်ဝေ နည်းနည်းတော့အဆင်ပြေသွားပြီထင်ပါတယ်။ အဆင် ပြေသွားမှလည်း ဖြစ်မယ်။
![](https://img.wattpad.com/cover/298484645-288-k317960.jpg)
YOU ARE READING
When You're Gone (BL OC)
Romance"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...