Unicode
When You're Gone Final Chapter Part 1
"ခက်ဝေ......"
အသိစိတ်ပြန်ဝင်လာလာချင်းမှာပဲ ကျွန်တော့်ခန္ဓာကိုယ်က အလိုအလျောက်ထထိုင်လိုက်မိတယ်။ အိပ်မက်ဆိုးတစ်ခုကိုမက်ခဲ့သလိုမျိုး ကျွန်တော့်တစ်ကိုယ်လုံးမှာချွေးတွေ ရွှဲနေခဲ့တယ်။ ကျွန်တော့်နှလုံးသားက ခုန်နေလွန်းလို့အပြင်ကိုထွက်လာတော့မလားတောင် ထင်မှတ်ရတယ်။
ကျွန်တော်ဟာ ဟိုတယ်အခန်းထဲမှာ ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဘယ်သူမှမရှိဘဲ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြည့်တော့ ကျွန်တော့်ခန္ဓာကိုယ်ကဘယ်လိုနာကျင်မှုမျိုးမှရှိမနေဘဲ အကောင်းအတိုင်းဖြစ်နေတယ်။ ဒီလိုဆို ဝေဟင်နဲ့ဘာဆိုဘာမှ မဖြစ်ခဲ့တဲ့ပုံပါပဲ။ ကျွန်တော်ပျော်ရွှင်လွန်းလို့ မျက်ရည်တွေဝဲလာခဲ့တယ်။ တကယ်လို့များတစ်စုံတစ်ခုဖြစ်သွားခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့များ ခက်ဝေဆီပြန်ရမလဲ။
"နိုးလာပြီလား....."
ဦးရန်ဝေရဲ့အတွင်းရေးမှူးက လေယာဥ်လတ်မှတ်တစ်စောင်နဲ့အတူ ကျွန်တော့်ဆီရောက်လာတယ်။ ပြီးတော့ ဦးရန်ဝေဆီက သတင်းစကားပါးတယ်။ သူဒီမှာကိစ္စရှိနေသေးတာမို့ ကျွန်တော့်ကိုတစ်ယောက်တည်းပြန်နှင့်ပါတဲ့။
လူမဆန်တဲ့ကိစ္စမျိုးကို အကွက်ကျကျလုပ်ကြံခဲ့ပြီးတော့မှ အခုလို ရှောင်သွားတာက တကယ်ကိုလူကြီးလူကောင်းမဆန်လွန်းတာပဲ။ ဖြစ်နိုင်ရင် အဲဒီလူရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီး လက်သီးနဲ့ထိုးပစ်ချင်တယ်။ မဟုတ်သေးဘူး။ တံတွေးနဲ့ထွေးပစ်ချင်တယ်။
ကျွန်တော် ရန်ကုန်ကိုပြန်ရောက်လာတဲ့အခါမှာတော့ လေဆိပ်အဝမှာရပ်ရင်း မှိုင်တွေနေမိတယ်။ ရှန်ဟိုင်းမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကို ခက်ဝေဆီပြောပြရမလား၊ မပြောပြရဘူးလားဆိုတာကိုစဥ်းစားနေမိတယ်။ ကျွန်တော်နဲ့သူ့ရဲ့ကြားမှာ ဘယ်လိုလျှို့ဝှက်ချက်မှ မထားချင်တာကြောင့် ပြောပြချင်တယ်။ ဒါပေမဲ့ ဒီလိုကိစ္စကပြောပြရခက်လွန်းတယ်။ ပြီးတော့ သူ့ရဲ့အတိတ်က အဆိုးဆုံး စိတ်ဒါဏ်ရာနဲ့ တစ်ထပ်တည်းတူညီနေတဲ့ကိစ္စမျိုး ဖြစ်အောင် သူ့ဖခင်နဲ့ ညီအရင်းခေါက်ခေါက်ကကြံစည်ခဲ့ပါတယ်ဆိုရင် သူဘယ်လိုခံစားရမလဲ။
YOU ARE READING
When You're Gone (BL OC)
Romance"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...