Part- 1

33.9K 1.6K 64
                                    

"သခင်လေးကမာနကြီးလွန်းတယ်.."

Part- 1

For unicode

"ဖယ်စမ်း!!!"

"အင့်..ဟင့်"

ရှောင်းကျန့်လေးကလဲကျသွားသောညစ်ပတ်ကောင်ကိုတစ်ချက်ကြည့်ပြီးနှာခေါင်းရှုံ့လိုက်သည်။ ပြီးတော့အကျီလက်ဖျားတွေကိုလက်သေးသေးလေးတွေနဲ့ခါလိုက်ရင်းဟွန့်ခနဲ့မျက်စောင်းထိုးပြန်သည်။ အရွယ်နဲ့မလိုက်အောင်မာနကြီးလွန်းသော၊ အသန့်ကြိုက်သောရှောင်းကျန့်ပင်တည်း...။

"သခင်လေး ဟင့်"

ရိပေါ်သေးသေးလေးကမျက်နှာကမျက်ရည်တွေကိုလက်ဖမိုးနဲ့ပွတ်ဆွဲသုတ်လိုက်တော့နဂိုတည်းကညစ်ပတ်ရတဲ့အထဲပိုလိုတောင်ညစ်ပတ်သွားလေသည်။ ပါးတစ်ဝိုက်အမဲစင်းကြောင်းကြီးနဲ့ရိပေါ်လေးကနှပ်တွေကိုလည်းပြန်ရှိုက်လိုက်တော့ရှောင်းကျန့်လေးမျက်နှာကပိုလို့တောင်မဲသွားလေသည်..

ရိပေါ်လေးကပြန်ကုန်းထလာပြီးလက်နှစ်ဖက်ကိုပိုက်ကာရှောင်းကျန့်ဘေးမှာ‌ခေါင်းငုံ့ပြီးခပ်ရို့ရို့ရပ်နေလိုက်သည်။ ရိပေါ်‌ထက်နှစ်နှစ်သုံးနှစ်နီးပါးကြီးသောရှောင်းကျန့်လေးကရိပေါ်လေးကိုခါးထောက်ပြီး"ဘာအပြစ်လုပ်ထားလဲသိတယ်ဟုတ်"ပုံစံမျိုးနဲ့ရပ်‌ကြည့်နေတယ်..။ ရိပေါ်က၆နှစ်ပြည့်ပြီးတာဘယ်လောက်မှမကြာသေး။ ရိပေါ်ကိုရှောင်းသခင်ကြီးတို့ကလွန်ခဲ့တဲ့၁နှစ်ကျော်ကျော်လောက်ကကောက်ယူမွေးစားခဲ့ကြခြင်းပင်။ မွေးစားတယ်ဆိုတာထက်ရှောင်းသခင်လေးအတွက်ကိုယ်ပိုင်အစေခံအဖြစ်ခေါ်ယူခဲ့ခြင်းဖြစ်လိမ့်မယ်။

ဒါပေမယ့်ရိပေါ်အရမ်းပျော်တယ်။ အရင်လိုခိုးစားစရာမလိုတော့ဘူး။ လမ်းဘေးမှာအိပ်စရာမလိုတော့ဘူး။ အခုရိပေါ်မှာသခင်လေးစားလို့ကျန်တဲ့မုန့်တွေလည်းစားရတယ်။ သခင်လေးကုတင်အောက်မှာလည်းအိပ်ရတယ်။ သခင်လေးခိုင်းတာမှန်သမျှလုပ်ရပေမယ့်ရိပေါ်အရမ်းပျော်တယ်။ သခင်လေးကနည်းနည်းမာနကြီးပြီးအသန့်ကြိုက်ပေမယ့် အရမ်းချောတယ်။ ရိပေါ်အရမ်းချစ်တာဘဲ..

အတွေးလွန်နေပုံရတဲ့ညစ်ပတ်ကောင်ကြောင့်ရှောင်းကျန့်နှာခမ်းတွေရှေ့ကိုစူထွက်လာပြီးရိပေါ်လေးပါးကိုနာနာဆွဲပစ်လိုက်တော့သည်။ သူ့ကိုအာရုံမစိုက်ချင်ဦးလေ..။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now