Part- 8 💛

16.8K 1.2K 53
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 8

For unicode

"ငါမြင်းမစီးချင်ဘူးပြောနေတယ်လေ"

"မြင်းမစီးချင်ခင်များဘာစီးမှာလဲ
မင်းသမီးလိုမြင်းလှည်းနဲ့လိုက်ချင်လို့ရမလား
ဝေါယာဉ်ကဒီကမင်းသမီးအတွက်
ခင်များကကျုပ်မိန်းမ!
ဟိုကရှင်ဘုရင်ရဲ့မိဖုရားဖြစ်လာမှာ"

"မင်းငါ့ကြောက်တာသိသိရက်နဲ့!"

"ကျစ်! ခင်များနောက်မှာကျုပ်တစ်ယောက်လုံးပါမှာဘဲလေ
ခင်များကိုသက်သက်စီးခိုင်းတာမှမဟုတ်တာ"

"မသိဘူး ငါမြင်းမစီးနိုင်ဘူး!"

"နာနေသေးလို့လား!"

"ဝမ်ရိပေါ်! မင်းအဲ့ကြောင်းထပ်ပြီးအစဖော်မလာနဲ့
ပြီးတော့အဲ့ငါ့မိန်းမ ကျုပ်မိန်းမဆိုတာကြီးကိုပါးစပ်အရသာခံပြီးပြောမနေစမ်းပါနဲ့
ရွံ့လွန်းလို့!"

"ကျုပ်အပိုင်မို့ ခင်များနဲ့ကျုပ်ညားပြီးသားမို့ခေါ်တာဘာဖြစ်လဲ!"

"ဝမ်ရိပေါ်! မင်းအရှေ့မတိုးလာနဲ့တော့နော်"

"ခင်များကမိန်းကလေးဖြစ်နေရင်မြင်းလှည်းစီစဉ်ပေးလို့ရတယ်
အခုကဘယ်လိုအကြောင်းပြချက်နဲ့မင်းသမီးတစ်ပါးလိုမြင်းလှည်းနဲ့ခမ်းခမ်းနားနားစီစဉ်ပေးရမှာလဲ
မြင်းတောင်မလောက်ဘူး"

"မင်းသမီးနဲ့တစ်စီးတည်းလိုက်လို့ရတာဘဲ!!"

"ဘာ! ဘာ!
ရှောင်းကျန့် ခင်များဦးနှောက်မှကောင်းသေးရဲ့လား
ခင်များကယောက်ျားလေး! မင်းသမီးနဲ့ဘယ်လိုလုပ်လှည်းတစ်စီးတည်းအတူထားလို့ရမှာလဲ
ကျုပ်ခေါင်းပြတ်သွားမှာပေါ့"

"ဝမ်ရိပေါ်! မင်းငါဖြစ်လို့
ငါဖြစ်လို့မင်းတမင်လုပ်နေတာ"

"ထင်ချင်သလိုထင်!"

"အဲ့ဒါကြောင့်မားတို့ကိုလည်းနောက်လမှလိုက်လာခိုင်းတာပေါ့!!
ငါ့ကိုအနိုင်ယူချင်လို့"

"ထင်ရာတွေစွပ်စွဲမနေနဲ့!
ခင်များတို့မှာသိမ်းစရာတွေကျန်နေသေးလို့နောက်မှကျုပ်တပည့်တွေလွှတ်ပြီးခေါ်မလို့လုပ်ထားတာ
မိသားစုတစ်ခုလုံးပြောင်းရွေ့ဖို့ဆိုတာလွယ်တာမှမဟုတ်တာ
ခင်များကိစ္စဝိစ္စလုပ်ဖို့ချောင်ချန်းကိုလိုက်ပါခွင့်ပြုထားတာဘဲ"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now