Part- 5

12.4K 1.2K 42
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 5

For unicode

8နှစ်ခန့်ကြာပြီးနောက်...

"မယူဘူး...လုံးဝမယူနိုင်ဘူး"

"ကျန့်အာ..သားလေး
ဒါကမင်းမိန့်လေကွယ်.."

"ကိုယ်မချစ်မနှစ်သက်တဲ့လူတစ်ယောက်ကိုကျွန်တော်လက်မထပ်ချင်ဘူးမား
ပြီးတော့အဲ့ဒါကလည်းယောက်ျားလေးတစ်ယောက်"

"သားအသက်မငယ်တော့ဘူးကျန့်အာ
သားကိုမိန်းမပေး‌စားတုန်းကလည်းသားငြင်းခဲ့ပြီးပြီ"

"အရင်အခြေအနေနဲ့အခုအခြေအနေနဲ့ကတူမှမတူတော့တာ
ကျွန်တော်ကလည်းသခင်လေးမဟုတ်တော့သလိုမားကလည်းရှောင်းသခင်မကြီးမဟုတ်တော့ဘူး
ကျွန်တော့်မှာတခြားတစ်ယောက်ကိုတင်ကျွေးထားဖို့ဘာအစွမ်းအစမှမရှိဘူး"

"မားကြောင့်သားအများကြီး ဒုက္ခခံခဲ့ရပြီးပြီ
မားမှာသားတစ်ယောက်ဘဲကျန်တော့တယ်..
သားကိုတော့မားအဆုံးရှုံးမခံနိုင်တော့ဘူး
သား မားကိုထားပြီးထွက်ပြေးပါတော့..
ချောင်ချန်းနဲ့နှစ်ယောက်သားဝေးရာကိုထွက်ပြေးကြ"

"မား!! ကျွန်တော်ကဘယ်လိုလုပ်မားကိုထားခဲ့နိုင်မှာလဲ
ကျွန်တော့်မှာလည်းမားတစ်ယောက်တည်းဘဲရှိတော့တာလေ"

"ကျန့်အာ ဒီလက်ထပ်ပွဲအတွက်ကိုယ့်ကိုယ်ကိုအနစ်နာခံစရာမလိုဘူး
မားကအသက်ကြီးနေပြီ သားကတော့သားဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းရဦးမယ်
သားဘဝကိုယောက်ျားတစ်ယောက်နဲ့ဖြတ်သန်းစရာမလိုဘူး"

ရှောင်းကျန့်အရမ်းတွေဝေရပါသည်။ တစ်ဖက်ကမိခင်ဖြစ်သူကိုထားခဲ့ဖို့လည်းမဖြစ်နိုင်၊ ယောက်ျားတစ်ယောက်နဲ့လက်မထပ်ချင်။ သူ့တို့အခြေအနေကလည်းလွန်ခဲ့တဲ့၅နှစ်ကတည်းကများစွာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အခုသူတို့ကနန်းတွင်းရဲ့စောင့်ကြည့်မှုအောက်မှာနေနေရတဲ့သူတွေ။ သူနဲ့ချောင်ချန်းကလွတ်ဖို့ဖြစ်နိုင်ပေမယ့်မားနဲ့ဦးမာလုံကတော့ဘယ်လိုမှမလွတ်နိုင်..

လူ‌လေးယောက်တစ်ပြိုင်တည်းပျောက်သွားရင်သံသယဝင်ပြီးတစ်ခါတည်းအဖမ်းခံရနိုင်သည်။ သူတို့တောင်လွတ်လွတ်လပ်လပ်နေခွင့်ရတာဘယ်လောက်မှမကြာသေး။ လွန်ခဲ့တဲ့နှစ်တွေတုန်းကရှောင်းကျန့်တို့တွေလူကုံထံအသိုင်းအဝိုင်းကနေနေ့ချင်းညချင်းဆင်းရဲသွားခဲ့သည်။ ပါးကစစ်‌ပွဲမှာကျသွားပြီး ဘုရင်ကိုပုန်ကန်ဖို့ကြံနေတဲ့အဖွဲ့ထဲမှာပါနေတာတဲ့။ ပါးဘဝတစ်လျှောက်လုံးဒီဘုရင်ဆီမှာသစ္စာခံလာခဲ့တာ..

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now