Part- 18

11.8K 1K 46
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 18

For unicode

"ရှောင်းကျန့် အားရီနားပါစေ
အိပ်ရအောင်လာတော့!"

"ငါတို့သားမိပြောစရာတွေအများကြီးရှိသေးတယ်"

ဝမ်ရိပေါ်မျက်နှာကအလိုမကျမှုကြောင့်မျက်ခုံးတွေတွန့်ချိုးနေတယ်။ အလိုက်မသိတတ်တဲ့ရှောင်းကျန့်။ သူပြန်လာချိန်နောက်ကျနေတာတောင်သားမိနှစ်ယောက်စကားပြောမပြီးနိုင်တော့။ ဝမ်ရိပေါ်ကရေမိုးချိုးပြီးရှောင်းကျန့်ကိုထိုင်စောင့်သေးတယ်။ သူကရှောင်းကျန့်ဝမ်းသာသွားအောင်သတင်းကောင်းပြောမလို့စဉ်းစားလာခဲ့တာ။ ဒါပေမယ့်ရှောင်းကျန့်ကမိခင်နဲ့စကားကောင်းနေလို့သူအချိန်တစ်ခုထိ‌ထိုင်စောင့်ပြီးတာတောင်ရောက်မလာသေးတော့ဝမ်ရိပေါ်မှာကိုယ်တိုင်ဘဲယောက်ခမအဆောင်ဘက်ကူးလာခဲ့ရတော့သည်..။

ရှောင်းကျန့်ကလည်းသူ့ယောက်ျားစိတ်ကိုသိတယ်။ တစ်နေ့လုံးပင်ပန်းလာတာတောင်သူ့ကိုတကူးတကစောင့်ပေးနေတဲ့ရိပေါ်ကိုလည်းအားရတယ်။ သူကညစာစားပြီးတာနဲ့ကိုယ့်အဆောင်ပြန်နေမလို့လုပ်ပေမယ့်မားရှေ့မှာအားဆေးသောက်ပြရသေးတယ်။ ပြီးမှမားနဲ့ဟိုအကြောင်းဒီအကြောင်းစကားဆက်မိတာနဲ့စကားကြောရှည်နေမိလိုက်တာ..။

"မားလည်းနားတော့လေ
ကျွန်တော်ပြန်တော့မယ်
နောက်နေ့မှမြို့ထဲလိုက်ပို့ပေးမယ်"

"ကျန့်အာလည်းသွားနားတော့..
မားမှာထားတာမမေ့နဲ့
သားကျန်းမာရေးအတွက်ပြောတာ"

"ဟုတ် မား"

ရှောင်းကျန့်မျက်နှာကနည်းနည်းလေးနီရဲသွားပေမယ့်မျက်တောင်လေးပုတ်ခပ်ပြီးပြန်ထိန်းလိုက်တယ်။ မိခင်ဖြစ်သူဆီကအိမ်ထောင်ရေးကိစ္စနဲ့ပတ်သတ်ပြီးပညာပေးခံရတာကနည်းနည်းတော့မျက်နှာပူဖို့ကောင်းတယ်။

"ပြန်ရအောင် အမေ့!!"

‌ဝမ်ရိပေါ်ကအပြင်ကစောင့်နေတာမလို့ရှောင်းကျန့်ဖိနပ်စီးပြီးတာနဲ့ရှောင်းကျန့်ကိုချက်ချင်းကောက်ပွေ့ပစ်တယ်။ ညအိပ်ခါနီးအချိန်မို့ရှောင်းကျန့်ကအထူးရက်လုပ်ထားတဲ့နူးညံ့တဲ့ချည်သားဝတ်စုံကိုဝတ်ထားတယ်။ တစ်ကိုယ်လုံးပွေ့ချီထားတာတောင်နူးညံ့မှုနဲ့ရှောင်းကျန့်ရဲ့မွှေးပျံ့မှုကိုဘဲခံစားရတယ်။ ဝမ်ရိပေါ်ကသူ့လက်ထဲကရှောင်းကျန့်ကိုတစ်ခေါက်ခါပစ်လိုက်တော့ရှောင်းကျန့်ကအလန့်တကြားသူ့လည်ပင်းကိုဖက်တွယ်လာ၏။ သူ့ရဲ့ရယ်ရိပ်သန်းနေတဲ့မျက်နှာကြောင့်ရှောင်းကျန့်ကဝမ်ရိပေါ်ရင်ဘက်ကိုတစ်ချက်ရိုက်လိုက်တယ်။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now