Part- 11💛

17.3K 1.1K 17
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 11

For unicode

ရှောင်းကျန့်ကမင်္ဂလာဆောင်တဲ့နေ့အထိဘာမှစောဒကမတက်ဘဲသူဘာလုပ်လုပ်လက်ခံသည်။ အဝေးကရှောင်းသခင်မကြီး‌မရောက်သေးပေမယ့်လက်ထပ်ပွဲကိုငြင်းဆန်ခြင်းမရှိ။ နောက်ဆုံးသူထင်ထားခဲ့တာကအကုန်အဆင်ပြေသွားပြီလို့..။ ဒါပေမယ့်ရှောင်းကျန့်ကချုပ်ထားတဲ့မင်္ဂလာဝတ်စုံကိုမကြိုက်ဘဲမင်္ဂလာရက်နီးမှချေးများလာခဲ့သည်။ အရောင်မကြိုက်တာမျိုး၊ပုံစံကမလှဘူးတို့ ဒါပေမယ့်သူကလည်းအစိမ်းဖျော့ရောင်ဘဲသုံးချင်သည်။

ရှောင်းကျန့်ကြိုက်တဲ့အရောင်ကအနီရောင်လေ။ အဲ့အရောင်ကလည်းရှင်ဘုရင်မင်းမြတ်တွေဘဲသုံးကြတာ။ အနီရောင်ဝတ်ရုံပေါ်မှာရွှေရောင်နဂါးပုံကြီးနှင့်ဇာမဏီငှက်ကြီးကဧကရာဇ်နဲ့ဧကရီကိုကိုယ်စားပြုထားသည်။ ရှောင်းကျန့်ကသူ့ကိုတမင်အခက်တွေ့အောင်လုပ်ချင်တာဘဲ။ မနာလိုဝန်တိုမှုတွေများတဲ့နန်းတွင်းကြီးမှာသူကဘုရင်ကိုတုပချင်နေတယ်လို့နာမည်ကြီးသွားမှာပေါ့..။

ရှောင်းကျန့်ကလည်းမျက်နှာတညှိုးညှိုးဖြစ်နေတော့ဝမ်ရိပေါ်မနေနိုင်တော့..။ အချိန်ကမနက်ဖြန်ဖြင့်မင်္ဂလာဆောင်ရတော့မယ်။ ဒီမျက်နှာမျိုးနဲ့ဘယ်သတို့သားကစိတ်ချမ်းသာနေနိုင်မှာလဲ!..။

"ရှောင်းကျန့် ခင်များအနီရောင်ဝတ်ချင်ရင်အနီရောင်ခေါင်းဆောင်းပါဆောင်းရမှာနော်"

"အနီရောင်ဝတ်ရအောင်အရင်လုပ်ပေး!"

ဟင်း..။ ခေါင်းမာချက်ကတော့..။နောက်ဆုံးသူ့မြင်းကိုထုတ်ကာနန်းတော်ကြီးဆီကိုဘဲထွက်လာခဲ့လိုက်သည်။ သူကမင်္ဂလာပွဲကြောင့်ခွင့်ရထားလို့နန်းတွင်းညီလာခံကိုတော့တက်ဖို့မလို..။ အရင်ကလည်းစစ်တပ်မှာဘဲအနေများလို့အိမ်တော်ကိုတောင်မပြန်ဖြစ်သလောက်ရှားသည်။ အခုမှအိမ်မြဲချင်နေတော့တာ..။

သူအရှင့်အဆောင်ရောက်တော့အရှင်ကညီလာခံတက်ဖို့ပြင်ဆင်နေတုန်းအချိန်ဖြစ်သည်။ သူလည်းအရှင့်ကိုသူ့အိမ်သူကအနီရောင်မဝတ်ရလျင်လက်မထပ်လိုကြောင်းအရှင်နားလည်အောင်ရှင်းပြရတော့သည်။ သူပြော‌တာကိုနားထောင်ပြီးအရှင်ကတဟားဟားအော်ရယ်သည်။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now