Part- 4

11.7K 1.3K 61
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 4

For unicode

"ရိပေါ် သခင်လေးဆူထားပြန်ပြီလား"

"မဟုတ်ပါဘူး"

"မသိဘူးလေကွာ မင်းကသူတစ်ခါဆူတိုင်းဒီကိုလာပြီးအပြင်းအထန်လေ့ကျင့်နေတတ်တာကို"

"ငါဒီထက်ပိုပြီးကြံ့ခိုင်လာမှ သူဘာပြောပြောဘာလုပ်လုပ်အမြဲသည်းခံနေနိုင်မှာ ငါဒီထက်ပိုပြီးသန်မာချင်တယ်ကွာ"

ဝမ်ဟောက်ရွှမ်းကရိပေါ်ပုခုံးကိုပုတ်လိုက်ပြီးငါသိတယ်နော်ဆိုတဲ့အကြည့်နဲ့ကြည့်လာခဲ့သည်။

"ရိပေါ် မင်းသခင်လေးကို.."

"ဟောက်ရွှမ်း!!"

"ရိပေါ် မင်း မင်းတကယ်လား"

"ဘယ်သူမှမသိစေနဲ့ သူသိလို့မဖြစ်ဘူး"

"ရိပေါ် ငါ့သူငယ်ချင်းရာ.."

"ငါ့ဘက်ကတဖက်သတ်ဘဲ အဲ့ခံစားချက်ကိုငါ့နှလုံးသားထဲမှာဘဲအပြီးအပိုင်သော့ခပ်ထားတော့မှာ"

"သခင်လေးကို မင်းအဆုံးရှုံးခံနိုင်လို့လားကွာ"

"ဆက်မပြောနဲ့တော့ဟောက်ရွှမ်းရာ ဒီစကားဒီလောက်နဲ့တော်ရအောင်"

ဘယ်သူမှမထင်ထားခဲ့တာကရှောင်းသခင်မကြီးရဲ့လူယုံကကြားသွားပြီးရှောင်းသခင်မကြီးနားထဲရောက်သွားခဲ့မှာကိုပင်။ ရိပေါ်သခင်လေးနဲ့ခပ်တန်းတန်းဖြစ်နေတာတစ်ပတ်လောက်ရှိပြီ။ သခင်လေးကလည်းသူဘာလုပ်လုပ်လျစ်လျူရှုထားသလိုသူကလည်းဒီလေ့ကျင့်ရေးကွင်းမှာဘဲအချိန်ကုန်နေခဲ့သည်။ ရိပေါ်တို့နေ့လည်ထမင်းစားနားတော့ သူတို့နဲ့နည်းတူသိုင်းပညာသင်ကြားနေတဲ့‌ရှောင်းအိမ်ကကောင်လေးကသတင်းထူးတစ်ခုယူလာခဲ့သည်။

"ရိပေါ်ကော ‌ရိပေါ်ကော!!"

"ငါဒီမှာ ချောင်ချန်း"

"မကောင်းတော့ဘူး မကောင်းတော့ဘူး!!"

"ဘာဖြစ်လာတာလဲ အလန့်တကြားနဲ့"

"ကျွန်တော်အရမ်းစိတ်ညစ်တယ်ဗျာ
သခင်လေးကသူ့အစေခံကိုခင်ဗျားကိုဖြုတ်ပြီးကျွန်တော့်ကိုခန့်လိုက်ပြီဗျ
ဒီတစ်ပတ်အတွင်းမှာသခင်လေးရဲ့တောက်တိုမယ်ရလုပ်ပေးနေရတာတောင်စိတ်ညစ်လှပြီ အမြဲတမ်းဝန်ထမ်းဆိုကျွန်တော်စကားပါပြောတတ်ပါမလားမသိတော့ပါဘူးဗျာ"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Opowieści tętniące życiem. Odkryj je teraz