Part-20

12.5K 1.1K 72
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 20

For unicode

"သခင်လေးကိုသခင်မကြီးကဒီဆေးတိုက်တာသေချာရဲ့လား"

"အင်း"

သမားတော်ကြီးကသက်ပြင်းချသည်။ သူလည်းယောက်ျားလေးတစ်ယောက်ကိုသန္ဓေတားဆေးတွေတိုက်နေတယ်ဆိုတော့တော်တော်စဉ်းစားရခက်နေပုံပေါ်သည်။ ရှောင်းသခင်လေးကစစ်သူကြီးဝမ်နဲ့လက်ထပ်ထားတယ်ဆိုပေမယ့်ကိုယ်ဝန်ရသွားနိုင်တာမှမဟုတ်တာ..။

"ကိုယ်ဝန်...ကိုယ်ဝန်"

နောက်ဆုံးသမားတော်ကြီးမှတ်ဉာဏ်ထဲမှာလွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်တုန်းကယောက်ျားလေးကိုယ်ဝန်ဆောင်တစ်ယောက်ကိုပြန်အမှတ်ရလာခဲ့၏။ သူလည်းသူ့မှာသားအိမ်ပါမှန်းမသိလို့ဗိုက်မှာအလုံးအကျိတ်ဖြစ်လာတယ်ဆိုပြီးလာပြခဲ့တာ။ မွေးတုန်းကတော့အတော်လေးခက်ခက်ခဲခဲမွေးလိုက်ရတယ်။ သူကတော့သမားတော်‌တစ်ယောက်မို့လူနာရဲ့ကိုယ်ရေးကိုယ်တာကိုအတတ်နိုင်ဆုံးလျှို့ဝှက်ပေးခဲ့တယ်..။

"သခင်လေး ကျွန်တော်စမ်းသပ်ကြည့်ပါရစေ"

"သမားတော်ကြီးကောင်းသလိုလုပ်ပါ"

သမားတော်ကြီးကသူ့သွေးခုန်နှုန်းကိုစမ်းသပ်ပြီးနောက်သူ့အကျီကိုအပေါ်လှန်တင်ခိုင်း၏။ ရှောင်းကျန့်ရှက်ရှက်နဲ့အကျီကိုရင်ဘက်အောက်နားအထိဖြေပေးလိုက်သည်။ ဝမ်ရိပေါ်မြင်ရင်တော့သေချာပေါက်ဒေါသထွက်နေလောက်မှာ။ ဝမ်ရိပေါ်ကအသေးအမွှားကအစသဝန်တိုလွန်းပါသည်။ ဉပမာသူ့ခြေထောက်ဖြူဖြူသွယ်သွယ်ကိုတောင်လူမြင်သွားမှာစိုးနေတာမျိုး။ အခုလိုမျိုးသူ့ဗိုက်နဲ့ခါးကိုလှန်ပြထားရတာမျိုး‌ဆိုရင်ဘေးနားကမျက်နှာမဲမဲနဲ့သူ့ကိုကြည့်နေလိမ့်မယ်။ ရှောင်းကျန့်ခါးကပိန်သွယ်ပြီးဗိုက်ကချပ်ကပ်နေသည်။

သမားတော်ကဗိုက်ကိုစမ်းပြီးတာနဲ့ရှောင်းကျန့်ကအကျီကြိုးကိုပြန်ချည်လိုက်ကာကုတင်ပေါ်ကပြန်ထလိုက်၏။

"ဝမ်းသာစရာသတင်းပါသခင်လေး
‌သခင်လေးဗိုက်ထဲမှာ သန္ဓေတည်နေပါပြီ"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now