Part- 21

14.2K 1.1K 86
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 21

For unicode

"ကွာရှင်းမယ် ကွာရှင်းမယ်!!
ငါမင်းနဲ့ဆက်မပေါင်းနိုင်တော့ဘူး အီးဟီး"

"ရှောင်းကျန့် ခင်များဘာစောက်စကားပြောတာလဲ
ဟိုနေ့ကကိစ္စကြောင့်လား
အဲ့နေ့ကအတွက်‌ဆိုရင်ကျုပ်တောင်းပန်တယ်!
ကျုပ်သဝန်တိုလွန်းလို့မှားသွားခဲ့တာ
ဒါပေမယ့်ခင်များကျုပ်တို့အခန်းထဲကိုတော့တားဆေးယူမလာသင့်ဘူး
ဘယ်သူ့အတွက်ဘဲဖြစ်ဖြစ်"

"အား..ငါ့ကိုမင်းလက်တွေနဲ့မထိစမ်းပါနဲ့!!"

ရှောင်းကျန့်ကအတင်းရုန်းခါနေတော့ဝမ်ရိပေါ်မှာရှောင်းကျန့်နားမှာလက်တပြင်ပြင်။ ဘယ်နေရာကိုထိထိအထိမခံတော့ဝမ်ရိပေါ်စိတ်ပေါက်လာခဲ့၏။

"ခင်များဘာဖြစ်လာတာလဲလို့
ကျုပ်ကိုမကျေနပ်တာရှိရင်ရှင်းစမ်းပါ
အဲ့မျက်ရည်ချည်းဘဲကျမနေနဲ့"

"ဖြန်း..ဖြန်း"

ရှောင်းကျန့်ကဒေါသနှင့်ဝမ်ရိပေါ်ပါးကိုနှစ်ဆက်ဆင့်ရိုက်ပစ်သည်။ ဝမ်ရိပေါ်ကရုတ်တရတ်ပါးရိုက်ခံလိုက်ရလို့ရှောင်ချိန်မရလိုက်။ သူ့ပါးတွေထူပူသွားတာဘဲသိတော့တယ်။

"ခင်များ!!.."

"ဘာလဲ! ရိုက်မလို့လား
ရိုက်လေ ရိုက်စမ်းပါ!"

ရှောင်းကျန့်ကမီးဝင်းဝင်းတောက်နေသောဝမ်ရိပေါ်အကြည့်ကိုပြန်စိုက်ကြည့်ရင်းမျက်နှာကိုပါမော့ပေးထားလိုက်၏။ အကြည့်ချင်းအားပြိုင်ရင်းဘယ်သူမှအလျှော့မပေးကြ။ နောက်ဆုံးအရှုံးပေးနေကြဝမ်ရိပေါ်ကဘဲသူ့စိတ်သူလျှော့လိုက်ပြီးရှောင်းကျန့်ကိုဆုပ်ကိုင်ထားတဲ့လက်တွေကိုဖြေလွှတ်ပေးလိုက်၏။

"ကျုပ်အိမ်ပြန်မလာသင့်ဘူး"

"ဟွန့် ‌ဟိုမှာလည်းမင်းဆန္ဒတွေကိုဖြည့်ပေးမယ့်လူရှိတာဘဲ
မင်းအတွက်ဘယ်နေရာမှာဘဲဖြစ်ဖြစ်အဆင်ပြေတာဘဲမဟုတ်လား"

"ရှောင်းကျန့် ခင်များကျုပ်ကိုရှင်းအောင်ပြောစမ်းပါ
ဒီလိုစကားတွေနဲ့စကားနာမထိုးစမ်းပါနဲ့"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now