Part- 10

13K 1.1K 74
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 10

For unicode

အချိန်တစ်လနီးပါးခရီးကြာပြီးတဲ့နောက်ကန်နိုင်ငံနယ်စပ်ကိုဖြတ်ကျော်ကာနန်းမြို့တော်ကြီးဆီကိုရောက်လာခဲ့ကြသည်။ ဒါပေမယ့်‌ချင်မင်းသမီးရောက်လာတာကိုဘယ်သူကမှသောင်းသောင်းဖြဖြမကြိုဆိုကြ။ ချင်မင်းသမီးကကန်ဘုရင်ရဲ့ဘယ်နှစ်ယောက်မြောက်မိဖုရားဖြစ်လာမယ်မှန်းမှမသိတာ။ အကုန်လုံးကဒီလက်ထပ်ပွဲဟာကန်နဲ့ချင်ရဲ့ငြိမ်း‌ချမ်းရေးအတွက်လက်ထပ်တာမှန်းသဘောပေါက်ကြသည်။

ပွဲကြီးပြကြီးနဲ့သောင်းသောင်းဖြဖြမကြိုဆိုကြသော်လည်းကန်ဘုရင်ကြီးနဲ့မိဖုရားခေါင်ကြီးကတကူးတကလာကြိုပေးသည်။ ကန်ဘုရင်ရဲ့ညီမငယ်မှာလည်းစစ်သူကြီးပြန်ရောက်လာပြီဆိုလို့သေသေချာချာဖြီးလိမ်းပြင်ဆင်ကာလာစောင့်နေရှာသည်။

ရိပေါ်တို့နန်းတွင်းကိုဝင်တော့အရေးပါတဲ့လူတွေကလွဲလို့ကျန်တဲ့သူတွေကကိုယ့်နေရာကိုယ်ပြန်သွားကြလေပြီ။

"အရှင့်ကိုဂါဝရပြုပါတယ်"

"လုပ်မနေစမ်းပါနဲ့ရိပေါ်ရာ
လာ လာ! အထဲမှာပြောကြမယ်"

"ရိပေါ်ကောကော!"

"ကျူးအာ နေကောင်းရဲ့လား"

"ရိပေါ်ကောကောကိုကျူးအာကသတိရနေတာ!"

နောက်ကပါလာတဲ့ရှောင်းကျန့်ကမျက်နှာကွက်ခနဲ့ပျက်သွားပေမယ့်တစ်ခဏလေးသာ။ ရိပေါ်ကအရှင်နဲ့စကားပြောနေလို့ဒီနားမှာသူတစ်ယောက်တည်းအဖော်မဲ့နေခဲ့သည်။

"အရှင်! ကျွန်တော်တို့နောက်မှအေးဆေးပြောကြတာပေါ့
ကျွန်တော့အိမ်သူကခရီးပန်းလာလို့ပါ"

"ရိပေါ်!"

ရှောင်းကျန့်ကအပြောမတတ်တဲ့ဝမ်ရိပေါ်အကျီစကိုဆွဲပြီးဟန့်လိုက်ရသည်။ ဟိုကဘုရင်! သူကဘာမို့လို့လဲ!..။ ရှောင်းကျန့်ကမင်းပြစ်ဒဏ်သင့်ဖူးလို့ဘုရင်တွေကိုအလိုလိုကြောက်သည်။

"ရှောင်းကျန့်ထင်တယ်!"

"ဟုတ်ပါတယ်အရှင်! နောက်ကျမှနှုတ်ဆက်မိလို့ခွင့်လွှတ်ပေးပါ"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now