Part- 2

12.5K 1.3K 24
                                    

"သခင်လေးကမာနကြီးလွန်းတယ်.."

Part- 2

For unicode

"အဲ့နားလေး အင့် အင့်
ဟုတ်တယ် ဟုတ်တယ်"

ရှောင်းကျန့်ကရေနွေးကန်ထဲမှာစိမ်ရင်းရိပေါ်နှိပ်ပေးသမျှကိုမျက်လုံးလေးမှိတ်ကာခံစားနေမိသည်။ ဒီကောင်လေးလက်ပေါက်လိုက်တာ..။ ရေနွေးနွေးလေးထဲမှာစိမ်ရင်းအနှိပ်ခံရင်းသူ့မျက်လုံးတွေကာပိုလို့မှေးစင်းလာခဲ့သည်။

"အာ့.. ဘာလုပ်တာလဲ!!"

"ဟို မတော်တဆ"

ရိပေါ်ကဆပ်ပြာတွေနဲ့ရှောင်းကျန့်ကိုနှိပ်ရင်းပွတ်ရင်း မတော်တဆရှောင်းကျန့်ရင်ဘက်ကအသီးတွေကိုပွတ်တိုက်မိသွားတော့ရှောင်းကျန့်တစ်ကိုယ်လုံးဓာတ်လိုက်သလိုတုန်ရင်သွားသလိုရိပေါ်လည်းဘာလုပ်လို့လုပ်မိမှန်းမသိဘဲမျက်နှာတွေကနီရဲလာခဲ့တော့သည်။ သခင်လေး‌အသားရည်ကချောမွေ့လွန်းပြီးရေနွေးကြောင့်တစ်ကိုယ်လုံးကပန်းနုရောင်သန်းနေခဲ့တယ်..။ တင်ပါးနားအထိရောက်နေတဲ့ဆံပင်တွေကလည်းနက်မှောင်ဖြောင့်စင်းနေကာရေတံခွန်အလား..။

သခင်လေးကိုကြည့်ပြီးသူ့ရင်ထဲမှာတစ်မျိုးကြီးခံစားရတယ်။ သူဘယ်လိုဖြစ်နေမှန်းသူလည်းမသိဘူး။ သခင်လေးကအသက်ကြီးလာလေပိုပြီးလှလာလေ။ သခင်လေးကိုယောက်ျားလေးတွေရော၊မိန်းကလေးတွေကပါလိုချင်ကြတယ်။ ရှောင်းသခင်ကြီးသားမို့သခင်လေးကအရမ်းလည်းစန်းပွင့်လှပါတယ်..။ အသက်၁၉နှစ်ပြည့်တော့မယ့်သခင်လေးကိုရှောင်းသခင်မကြီးကအိမ်ထောင်ချပေးချင်နေပြီ..။ သူအဲ့ဒါကိုလုံးဝမကြိုက်ဘူး။ သူသခင်လေးကဘယ်သူနဲ့မှမတန်ဘူး..။ သူ သူနဲ့လည်း..။ ရိပေါ်ခေါင်းကိုခါယမ်းပစ်လိုက်သည်။

"ဒေါက်!"

အတွေးလွန်နေသောရိပေါ်ရှောင်းကျန့်ဆီမှာတစ်ချက်အခေါက်ခံလိုက်ရပြန်သည်။ ရိပေါ်ကတော့မထုံတော့တဲ့အလားအခေါက်ခံရတာကိုနည်းနည်းမှမမှုတော့။ ရိပေါ်ကနဖူးကိုရေစိုနေတဲ့လက်နဲ့တစ်ချက်ပွတ်လိုက်ရင်း ရှောင်းကျန့်ကိုခေါင်းလျှော်ပေးပြန်သည်။

"ခေါင်းကလွဲပြီး ကျန်တဲ့နေရာတွေကိုမထိစေနဲ့"

"ဟုတ်"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now