Part- 19

12K 1.1K 72
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 19

For unicode

ဝမ်ရိပေါ်မျက်နှာနီရဲခတ်ထန်နေခဲ့သည်။ သူ့အိမ်တော်၊သူ့အိပ်ခန်းမှာမှသ‌န္ဓေတားဆေးလာတွေ့ရတယ်‌လို့။ သူခွင့်ပြုချက်မရဘဲချောင်ချန်းကလွဲလို့ဘယ်သူမှသူတို့အိပ်ခန်းထဲကိုဝင်လာခွင့်မရှိ။ ဒီဆေးကိုဝှက်ထားတာဟိုလူကလွဲပြီးဘယ်သူရှိဦးမှာလဲ။ သမားတော်ပြောတာကိုသူနားထဲမှာထပ်တလဲလဲကြားယောင်လာခဲ့၏။

သားဉကြွေတာကိုတားပေးပြီးသားအိမ်ဖွဲ့ဖြိုးမှု၊သားအိမ်လုပ်ဆောင်မှုတွေကိုနှေးစေတာတဲ့လား။ ရှောင်းကျန့်ကဘယ်သူ့အတွက်ဒီဆေးကိုဆောင်ထားတာလဲ။ ရှောင်းကျန့်ကအခုတလောသူ့အပေါ်ဆက်ဆံရေးပြောင်းလာခဲ့တာသူ့ကိုအချိုသပ်ထားချင်လို့လား။ အိမ်မှာကောင်မလေးတွေဆိုလို့ထမင်းချက်ကောင်မလေးနှစ်ယောက်နဲ့အစေခံကောင်မလေးနှစ်ယောက်ဘဲရှိသည်။ သူတို့တွေကလည်းသူ့ကိုကြောက်လို့ရှောင်းကျန့်နဲ့ကလူကျီစယ်ရဲမှာတောင်မဟုတ်ဘူး။

ဒါဆိုဘယ်သူလဲ။ ရှောင်းကျန့်ကဘယ်သူနဲ့ခိုးစားရဲတာလဲ။

"ရှောင်းကျန့်!!"

ဝမ်ရိပေါ်ရဲ့အော်သံကြောင့်ရှောင်းမားဆီမှာချည်ထိုးသင်နေတဲ့ရှောင်းကျန့်ကိုယ်လေး‌တုန်တက်သွားတယ်။ ဝမ်ရိပေါ်ရဲ့အသံကိုကြားတာနဲ့ဒီလူဘယ်လောက်တောင်ဒေါသထွက်နေတယ်ဆိုတာသူသိလိုက်ပြီ။ ဝမ်ရိပေါ်နဲ့သူအရင်တုန်းကဘယ်လောက်ဘဲအဆင်မပြေဖြစ်ခဲ့ဖြစ်ခဲ့ဝမ်ရိပေါ်ဒီလောက်ဒေါသဖြစ်နေတာသူမမြင်ဖူးခဲ့ပါ။ သူ့မားကလည်းဝမ်ရိပေါ်အသံကြောင့်မျက်နှာကတင်းမာနေသည်။

"ဝမ်ရိပေါ် မင်းဘာဖြစ်လာတာလဲ!"

"အခန်းထဲသွားမယ်"

ဝမ်ရိပေါ်ကသူ့မားရှေ့မှာတော့ပြသနာဖြစ်ချင်ပုံမပေါ်။ ရှောင်းကျန့်ကအလိုက်တသိထိုင်နေရာကနေထရပ်လိုက်သည်။ သူတို့နားမှာအစေခံတွေလည်းရှိတာမို့ရှောင်းကျန့်မျက်နှာမပျက်ချင်ပါ။

"ကျန့်အာ မသွားနဲ့!
ဝမ်ရိပေါ်! ငါ့ရှေ့မှာဘဲပြော!"

ဝမ်ရိပေါ်အံတင်းတင်းကျိတ်လိုက်၏။ ရှောင်းသခင်မကြီးကအခုထိကိုယ့်နေရာကိုယ်မသိသေးဘူးဘဲ။ အရင်လိုဘဲသူ့ကိုအာဏာပေးနေတုန်း။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now