Part- 9

13.2K 1.2K 73
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 9

For unicode

"ရိပေါ်ကော!!"

"ကိစ္စရှိလို့လားချောင်ချန်း"

"သခင်လေးဖျားနေပြီ!"

"ဘာ!"

ဝမ်ရိပေါ်မျက်ခုံးတွေတွန့်ချိုးသွားခဲ့သည်။ သူတစ်ရက်လောက်ရှေ့မှာကြီးကြပ်နေခဲ့လို့ရှောင်းကျန့်ကိုစောင့်ကြည့်ဖို့ပျက်ကွက်သွားခဲ့တာ။ သူ့နားမှာချောင်ချန်းကိုရော၊ကိုယ်ရံတော်တွေကိုပါစောင့်ကြည့်နေဖို့ခိုင်းထားတဲ့ကြားထားက ဖျားသွားပြန်ပြီ။

"ကျွန်တော်လည်းညည်းသံကြားမှသိတာ"

"အင်း သိပြီ"

"အားလုံးဘဲ! ရှေ့ကကုက္ကိုလ်ပင်ရှေ့ရောက်ရင်နားမယ်"

ချင်မင်းသမီးကရိပေါ်စကားကြားတာနဲ့လိုက်ကာစကိုဖယ်ကာရိပေါ်ကိုလှမ်းအော်သည်။

"မနားသေးဘူး
နေရောင်ရှိသေးတယ် ဆက်သွားမယ်
ကျွန်မတို့ဒီလိုသွားနေပုံမျိုးနဲ့ကန်နိုင်ငံကိုဘယ်တော့မှရောက်တော့မှာလဲ!!"

"ဒီမှာကျုပ်ခေါင်းဆောင်!! ကျုပ်အမိန့်ကိုဘဲအားလုံးနာခံရမယ်"

"ကျွန်မလက်မခံဘူး ထိုင်ရတာညောင်းနေပြီ
ဟိုကိုမြန်မြန်ရောက်ချင်တယ်"

"ဆက်သွားချင်တဲ့လူရှိလား!!"

"မရှိပါဘူးစစ်သူကြီး!"

"ဝူယွေ့တို့အဖွဲ့ကဒီနေရာဘေးကင်းလုံခြုံဖို့ကိုတာဝန်ယူလိုက်!
မုန့်လုံတို့အဖွဲ့ကသုံးယောက်တစ်လှည့်ကင်းစောင့်ရမယ်
ထမင်းချက်ဖို့ငါးယောက်စီစဉ်လိုက်ကြ
ကျန်တဲ့လူတွေကမင်းသမီးကိုကာကွယ်ဖို့နဲ့ရွက်ဖျင်တဲနှစ်ခုမြန်မြန်လုပ်ကြ!"

"အမိန့်အတိုင်းပါစစ်သူကြီး!!"

ဝမ်ရိပေါ်ကကျန်တဲ့လူတွေအလုပ်ရှုပ်နေတုန်းရှောင်းကျန့်မြင်းလှည်းနားလျှောက်လာခဲ့သည်။ မြင်းလှည်းတံခါးကိုဆွဲဖွင့်လိုက်ပြီးလိုက်ကာစကိုဖယ်ကြည့်လိုက်တော့ရှောင်းကျန့်ကအထဲမှာကွေးကွေးလေးညည်းနေရှာသည်။ ဒီနေ့ကသူတို့ခရီးထွက်လာတာငါးရက်မြောက်တဲ့နေ့။ မာနခဲပင်ပန်းမှာစိုးလို့လှည်းကိုတောင်မြန်မြန်မောင်းခိုင်းတာမဟုတ်..။ အရင်တုန်းကလည်းခရီးဝေးဝေးသွားဖူးတာမဟုတ်ချေ..။ ဝမ်ရိပေါ်ကအထဲကရှောင်းကျန့်ကိုပွေ့ချီလိုက်ပြီးအခုနကလုပ်ပြီးထားတဲ့သူတို့ရွက်ဖျင်တဲဆီခေါ်လာလိုက်သည်။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now