Part- 15

12.5K 1K 20
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 15

For unicode

"မင်းတို့သခင်ကြီးဘယ်အချိန်ပြန်ရောက်မယ်လို့ပြောသွားလဲဟင်"

"ကျွန်မတို့ကိုမပြောသွားပါဘူးသခင်လေးရှင့်
သခင်လေးဘာခိုင်းစရာရှိပါသေးလဲ"

"ငါ့ကိုမော့ကြည့်ပြီးဖြေလို့ရပါတယ်"

"ဒီအစေခံတွေမရဲပါဘူး သခင်ကြီးဆီမှာအပြစ်ပေးခံရမှာစိုးပါတယ်!"

"သူကအဲ့လိုလည်းမှာထားတာကိုး.."

"ဟုတ်ကဲ့"

"ရပြီ သွားတော့"

ကောင်မလေးနှစ်ယောက်ကသူ့ကိုနှုတ်ဆက်ကာခပ်လျှိုလျှိုလေးထွက်သွားကြသည်။ ဆိုးလိုက်တဲ့ဝမ်ရိပေါ်..။ အိမ်ကကောင်မလေးတွေကိုတောင်စိတ်မချဖြစ်နေတာ။ အဲ့ဒါတောင်သူ့ကိုသုံးရက်နီးပါးပစ်ထားသေးတယ်။ ဟိုနေ့ကစလို့သူတို့မျက်နှာချင်းမဆိုင်ဖြစ်တာသုံးရက်ရှိခဲ့ပြီ။ ဝမ်ရိပေါ်ကသူမနိုးခင်အစောကြီးထသွားတတ်ပြီးညဘက်ဆိုလည်းသူအိပ်တဲ့အချိန်လောက်မှပြန်ရောက်လာခဲ့သည်။

ဒါပေမယ့်ဝမ်ရိပေါ်ကတခြားအခန်းမှာတော့သွားမအိပ်။ သူနိုးလာတာနဲ့သူ့ရဲ့အိပ်ရာတစ်ခြမ်းကနွေးနေကာဝမ်ရိပေါ်အိပ်သွားမှန်းသိသာနေခဲ့သည်။ ဒါပေမယ့်ဝမ်ရိပေါ်စိတ်ကောက်နေတာကြီးကသိသာလွန်းတယ်။ သူဝမ်ရိပေါ်နဲ့တကယ်ဘဲပြန်တည့်ချင်တယ်...။ ဝမ်ရိပေါ်လျစ်လျူရှုနေတာတကယ်မခံစားနိုင်တော့ဘူး။

"သခင်လေး! ဘယ်သွားနေတာလဲ
အခန်းထဲမှာသခင်လေးမရှိတော့ထူပူသွားတာဘဲ"

"ပျင်းလို့ဟိုနားဒီနား.."

"ကျွန်တော်မပါဘဲဘယ်မှမသွားပါနဲ့လားဗျာ..
သခင်လေးတစ်ခုခုဖြစ်ရင်ရိပေါ်ကောကကျွန်တော့်ကိုသတ်မှာဗျ"

"မင်းလည်းရိပေါ်ကိုကြောက်တာလား"

"မကြောက်ဘဲနေမလားသခင်လေးရ
ရိပေါ်ကောဒေါသထွက်ရင်ကြောက်စရာကြီး
သခင်လေးနားမှာအလုပ်ကျွေးပြုတာတောင်သူ့မျက်ကြီးမဲမှောင်နေတာကို"

"မင်းကလည်း.."

"လာပါသခင်လေးရာ..
ကိုယ့်ခြံဝန်းထဲမှာဘဲနေရအောင်ပါ"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now