Part- 14

12.9K 1.1K 40
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 14

For unicode

"အင်း ဟင်း ရိပေါ်..
လွှတ်ဦး"

ရှောင်းကျန့်ကရိပေါ်ထက်အရင်နိုးလာခဲ့တော့‌ရိပေါ်ရဲ့တင်းကျပ်စွာဖက်တွယ်ထားတာကနေရုန်းထွက်လာပြန်သည်။ မနက်အစောကြီးရိပေါ်ထက်အရင်နိုးနေတဲ့အရာကိုလည်းရှောင်းကျန့်ကခံစားမိတော့သူ့တင်ပါးလေးကိုရိပေါ်ဆီးခုံနဲ့မထိအောင်သတိထားရှောင်နေရသည်။ တကယ်အိပ်ပျော်နေပုံမရတဲ့ဝမ်ရိပေါ်က‌သူ့ကိုဗိုက်နားကနေဖက်ပြီးဆွဲကပ်ပစ်တော့သူ့တင်ပါးနဲ့ဝမ်ရိပေါ်ဆီးခုံနဲ့တစ်ထပ်တည်းကပ်သွားခဲ့သည်။

"မင်းအရာကိုဘယ်ဟာကအဲ့လောက်ထိထောင်သွားစေတာလဲ"

ရှောင်းကျန့်ကနောက်ဘက်လှည့်မကြည့်ဘဲမေးသည်။

"‌ဒါယောက်ျားလေးတိုင်းဖြစ်တတ်တဲ့သဘာဝဘဲကို.."

"ငါမြင်တာတော့မင်းကအချိန်တိုင်းအလိုလိုထောင်ချင်နေတာ"

"ခင်များနဲ့တွေ့မှပါ.."

"မဟုတ်ဘူး မင်းကနှာဘူးမို့လို့
ငါကိုမြင်ရုံနဲ့အဲ့လိုဖြစ်လာတာ"

"အဝမှမစားရတာ.."

"မင်းနော်.."

ရှောင်းကျန့်ကသူခေါင်းအုံးအိပ်နေတဲ့‌ဝမ်ရိပေါ်လက်မောင်းကြီးကိုသူ့ရှေ့သွားလေးနဲ့ခပ်နာနာလေးကိုက်ပစ်လိုက်သည်။ ‌ဝမ်ရိပေါ်ကမနာတဲ့အပြင်တဟီးဟီးတောင်ရယ်နေသေးတယ်။ ဝမ်ရိပေါ်ကဘယ်လောက်ကျွေးကျွေးဝကိုမဝနိုင်တာ..။ ဝမ်ရိပေါ်ကိုစိတ်အလိုလိုက်မိတိုင်းသူနောက်နေ့ခါးတွေနာပြီးအဲ့နေရာကနာလို့အချိန်အကြာကြီးတောင်မထိုင်နိုင်..။ မင်္ဂလာပွဲနေ့ကလည်းသူတော်တော်ကသိကအောက်ဖြစ်နေလို့ပွဲမှာတောင်ဆက်မထိုင်နိုင်ခဲ့တော့..။ အဲ့နေ့ကဝမ်ရိပေါ်ကသူ့ကိုမင်္ဂလာအိပ်ခန်းကိုမြန်မြန်ပို့ပေးခဲ့တယ်..

အဲ့ညကဝမ်ရိပေါ်ကနှင်လွှတ်လည်းမသွားတဲ့အပြင်အစာတောင်းနေတဲ့ခွေးလေးလိုလုပ်နေခဲ့တယ်။ သူလည်းဝမ်ရိပေါ်ရဲ့အကြည့်ရိုင်းရိုင်းတွေကြောင့်၊အနီရောင်အပြင်အဆင်တွေကြောင့်စိတ်လွတ်သွားတာလားမသိပေမယ့်သူနဲ့ဝမ်ရိပေါ်မှာတော့ကုတင်ပေါ်မှာလုံးထွေးနေခဲ့ကြပြီ။ ဝမ်ရိပေါ်ကအရမ်းစိတ်ပါနိုင်လွန်းတယ်။ ‌နေ့ခင်းအချိန်ကနေညနေအထိသူ့ကိုမရပ်မနားဆက်ဆံခဲ့တယ်..။ နောက်နေ့သူနေမကောင်းတောင်ဖြစ်ချင်သွားတယ်။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now