Part- 16

13.2K 1K 54
                                    

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 16

For unicode

ဝမ်ရိပေါ်ကတစ်လမ်းလုံးအန်လာသူကြောင့်သူ့တစ်ကိုယ်လုံးလည်းညစ်ပတ်နေပြီ။ မြင်းပေါ်မှာအန်ချထားလို့သူ့မြင်းရော၊သူရောရှောင်းကျန့်ပါအန်ဖတ်တွေကြောင့်ညစ်ပတ်နေသည်။ ဝမ်ရိပေါ်ကရှောင်းကျန့်အပျော်ဂေယာရောက်သွားလို့ဒေါသထွက်နေတာလည်းရှောင်းကျန့်ရဲ့ပေါက်ကွဲမှုကြောင့်ပျယ်ပျက်ကုန်ပြီ။

သူ့အနေနဲ့ရှောင်းကျန့်ကိုစကားနိုင်ထိုးရာမှာဘယ်လိုမှမနိုင်ဘူး။ သူကလည်းရှောင်းကျန့်ငိုကတည်းကခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီးပြီ။ သူကခွန်အားကြီးပေမယ့်ရှောင်းကျန့်လောက်စာမတတ်လို့ဖြစ်မယ်။ သူ့မှာဆွံ့အပြီးဘာမှတောင်ပြန်မပြောနိုင်တော့။ ရှောင်းကျန့်ကသူ့ကိုတောင်ပြန်မေးခွန်းထုတ်လိုက်သေးတယ်။ အခုတော့သူ့မှာရှောင်းကျန့်ပြန်ချစ်လာဖို့ဘာမဆိုလုပ်ရဲတဲ့သတ္တိတွေတောင်ရှိကုန်ပြီ။ ကိုယ်ပိုင်ဆိုင်ရရုံနဲ့မတင်းတိမ်နိုင်တော့..။

"ရှောင်းကျန့် ပြုတ်ကျမယ်
မလှုပ်နဲ့!"

"ရိပေါ် ရိပေါ်..."

"အင်း"

"လူဆိုးကောင်"

"‌ဘယ်သူ ကျုပ်ကလား!"

"ဝမ်ရိပေါ်ကလူဆိုးကောင်
ဝမ်ရိပေါ်ကလည်မလိုနဲ့တုံးလည်းတုံးတယ်
ဝမ်ရိပေါ်ကဘယ်လိုလေးမှန်းမသိဘူး"

"လှုပ်မနေနဲ့ အိမ်ရောက်တော့မယ်"

"အင်း..မြင်းမစီးချင်တော့ဘူး
မူးနေပြီ ခေါင်းကိုက်လိုက်တာ
အား..ငါချာချာလည်အောင်မူးနေပြီ"

"အိမ်ရောက်ရင်သက်သာအောင်စွပ်ပြုတ်ပူပူလေးတိုက်ပေးမယ်"

"အခုနကပြောတော့အသားချောင်းကျွေးမှာဆို.."

ရှောင်းကျန့်ကမူးနေတော့စကားပြောတာလည်းရဲတင်းနေသည်။ လူကပါရိပေါ်ကိုကျောကပ်ပြီးမှီလိုက်တော့ရိပေါ်မှာရှောင်းကျန့်မြင်းပေါ်ကပြုတ်မကျအောင်‌လည်းတစ်ကိုယ်လုံးကိုထိန်းထားရသေးတယ်။

"ခင်များကစားနိုင်တော့မယ့်ပုံမပေါ်ဘူး"

"ဘယ်သူပြောလဲ! စားနိုင်တယ်
ရောက်ရင်စားပြမယ်!!"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now