⟪5⟫

3.7K 384 1
                                    

ငါတို့တက္ကသိုလ်က တရုတ်မှာရှိတဲ့ ထိပ်ဆုံး တက္ကသိုလ်နှစ်ခု*လောက် မကောင်းပေမဲ့လည်း
R တက္ကသိုလ်က လူသိများ‌တဲ့ လက်ရွေးစင် တက္ကသိုလ်တစ်ခု ဖြစ်နေသေးတာမို့ ကျောင်းဟာ လူတော်တွေနဲ့ ပြည့်နေတယ်။

ဒါပေမယ့်လည်း ဒီလောက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေအောက်မှာ ရှန်းချောင်ဝေဟာ ထိပ်ဆုံးက နေရာတစ်ခုကို ယူထားနိုင်တုန်းပဲ။

သူ့အဖေက National Centre ရဲ့ Performing Arts က Bass Singer တစ်ယောက်ဖြစ်ပြီး
သူ့အမေကတော့ တရုတ်မှာ လူသိများတဲ့ စန္ဒယားပညာရှင် တစ်ယောက် ဖြစ်လေတယ်။ အနုပညာမိသားစုက လာပေမယ့် တက္ကသိုလ်မှာ သိပ္ပံနဲ့ အင်ဂျင်နီယာကို သူ လေ့လာတယ်။

ကြည့်ကောင်းတယ်၊ စာတော်တယ်၊ စမတ်ကျတယ်။

ရှန်းချောင်ဝေဟာ သဘာဝကျကျနဲ့ပဲ ကျောင်းရဲ့ ဆွဲဆောင်မှုအရှိဆုံး ပုံရိပ်လေး ဖြစ်လာတော့တာပေါ့။

ဒါပေါ့ ငါ သူ့ကို မှတ်မိတာ‌ပေါ့ သူကတော့ ငါ့ကို မမှတ်မိပေမယ့်လည်းလေ။

အဲ့နေ့တုန်းက သူလည်း အဲ့မှာ ရှိနေခဲ့တယ်ဆိုတော့ ဘယ်သူ အတွင်းခံ ပျောက်တာလဲဆိုတာ သူ သေချာပေါက် သိမှာပဲ...

ကြည့်ရတာတော့ ငါ သူနဲ့ ‌တွေ့ဖို့ လိုပြီ။

━━━━━━━━━━━━━━━━━━━━

wenwen's note :

ထိပ်ဆုံးတက္ကသိုလ်နှစ်ခု - ချင်းဟွာတက္ကသိုလ်၊
ပီကင်းတက္ကသိုလ်

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now