⟪12⟫

3.2K 367 0
                                    

သူ့နဲ့ သိဝာာ ဒါနဲ့မှ နှစ်ရက်မြောက် ဒါပေမယ့် ထိပ်တန်းကျောင်းသားတစ်ယောက်ကို သိကျွမ်းရတာရဲ့ အကျိုးကျေးဇူးကို ငါ ခံစားနေရပြီ။

ပရော်ဖက်ဆာ ငါ့ကို ထိုင်ခိုင်းပြီးတဲ့ နောက်မှာတော့ ငါ အမြန်ဆုံး စာပြန်လိုက်တယ်။

ငါ : ငါ့ရဲ့ ကျေးဇူးသိတတ်တဲ့ နှလုံးသားလေးကို ပို့ဆောင်တယ် အဲ့မှာ ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်

ရှန်းချောင်ဝေ : ဟိုပစ္စည်းသာ ကိုယ့်ကို ပြန်ပေး

ငါ : ကိစ္စမရှိဘူး!

ခဏနေကျ ဘာဖြစ်မယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် သေချာပေါက်ကို အခုလိုမျိုး ကိုယ့်ဟာကိုယ် ‘ အလံ ’ ထောင်*လိုက်မိမှာ မဟုတ်ဘူး။

အတန်းပြီးတဲ့နောက် ရှောင်ကျန်းနဲ့ တခြားသူတွေကို အရင်ပြန်ခိုင်းလိုက်တယ်။

ငါ အိတ်ထဲကနေ အဝတ်အိတ်အသေးလေးကို ထုတ်လိုက်တဲ့ အချိန်မှာပဲ ရှောင်ကျန်းက နောက်တစ်ခါ ပြန်ဝင်လာတယ် : “ ယင်းယင် ”

ငါလည်း ကြောက်အားလန့်အားနဲ့ အိတ်အသေးလေးကို စာအုပ်အောက်ထဲ ဖွက်လိုက်တယ်။ ရှောင်ကျန်း တွေ့သွားမှာကို စိုးရိမ်တာနဲ့ ငါ သူမကို အခန်းအပြင်ရောက်အောင် ကမန်းကတန်း ဆွဲခေါ်သွားတယ် : “ ဘာကိစ္စရှိလို့လဲ ”

“ ဒီစနေနေ့အတွက် volunteer လုပ်ဖို့ စာရင်းပေးထားတာ။ ဒါပေမယ့် ငါ ရာသီလာတော့မှာကို အခုမှ သတိရလိုက်လို့။ နင် သိပါတယ် ငါ့မှာ ရာသီလာရင် ဗိုက်အောင့်တာတွေကလည်း ရှိသေးတယ်။ နင် လုပ်ပေးနိုင်... ”

ငါလည်း ရှောင်ကျန်းကို အဝေးကိုပဲ ပို့ချင်နေတာနဲ့ :   “ ရတယ်။ ငါ နင့်အစားသွားပေးမယ် ”

“ အရမ်း ကောင်းတယ်။ ကျေးဇူးပါ ယင်းယင်။ ငါ   နင့်ဆီ အချိန်ရယ်၊ နေရာရယ်ကို ပို့လိုက်မယ် ”

ငါ့ထိုင်ခုံရှိရာဆီ ပြန်သွားနေရင်း ငါ တွေးကြည့်တယ်။ ရှန်းချောင်ဝေလည်း Volunteer Group ထဲမှာ ရှိတယ်ဆိုတော့ သူရော...

အဲ့လောက်ထိ တိုက်ဆိုင်တာမျိုးတော့ မရှိလောက်ပါဘူး...

မရှိလောက်...

အဲ့နောက်မှာတော့ စာပွဲပေါ်က အိတ်သေးသေးလေး ပျောက်နေတာကို ငါ ရှာဖွေတွေ့ရှိလိုက်ရတယ်။

━━━━━━━━━━━━━━━━━━━━

wenwen's note :

အလံထောင် - ကိုယ့်သေတွင်းကိုယ်တူး

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now