Extra ⟪3⟫

4.7K 562 17
                                    

အချပ်ပို ၃။ ရှန်းချောင်ဝေ၏အတွေးများ

အရမ်း ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို ငါ တွေ့ခဲ့တယ်။

အဲ့နေ့က ငါ စာကြည့်တိုက်ထဲက ထွက်လာတော့ မိုးရွာနေတာကို တွေ့လိုက်ရတယ်။

အစကတော့ အဲ့ဒါက အရမ်းကို ဖွဲဖွဲလေးပဲ အဲ့ဒါနဲ့ ငါလည်း ဂရုမစိုက်ဘဲ အဆောင်ဆီကို ပြန်ဖို့ မိုးထဲမှာ လမ်းလျှောက်နေခဲ့တယ်။ လျှောက်နေရင်း တစ်ဝက်လောက်မှာ မိုးက စပြီး သည်းလာတော့တယ်။ ငါ့အရှိန်ကို တင်လိုက်ရင်း တစ်ယောက်ယောက်က ငါ့ကို အနောက်ကနေ ခေါ်တာကို ရုတ်တရက် ကြားလိုက်ရတယ် : " အတန်းဖော် ငါ နင့်ကို မိုးကာဖို့ ကူညီမယ် "

အဲ့ဒီနောက် ပန်းပွင့်သေးသေးလေးတွေနဲ့ ပုံစံဖော်ထားတဲ့ အဖြူရောင် ထီးတစ်လက်က ရုတ်တရက် ငါ့ရဲ့ ခေါင်းအထက်က ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေကို ဖုံးအုပ်ပေးလိုက်တယ်။

ငါ လှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်က ခြေဖျားထောက်ပြီး ရပ်ဖို့ ကြိုးစားနေရင်း သူမရဲ့ လက်မောင်းကို မြှောက်လျက် ငါ့အတွက် ထီးမိုးပေးထားတာကို တွေ့လိုက်ရတယ်။

သူမရဲ့ ခေါင်းကို မော့လိုက်ပြီး မျက်ခုံးတွေ ကွေးညွှတ်လို့ ပြုံးပြလာတယ်။ ဒီလို မိုးရွာတဲ့နေ့မှာ ရေစက်ရေပေါက်တွေနဲ့ ဝန်းရံလျက်ရှိတဲ့ သူမရဲ့ မျက်နှာဝိုင်းဝိုင်းလေးက ငါ့ကို ပါပီလေးတစ်ကောင်အကြောင်း အများကြီး သတိပေးနေတယ်။

ငါ ငြင်းပယ်ချင်ခဲ့တယ် ဒါပေမယ့် သူမက ငါ့ရဲ့ လက်မောင်းကို ဆွဲပြီး ရှေ့ကို ပြေးတယ် : " အဲ့မှာ ငေးကြောင်ပြီး ရပ်မနေနဲ့ ပြေး "

ဒီလိုနဲ့ပဲ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ ငါနဲ့ မိုးရွာထဲမှာ ပြေးလွှားခဲ့ကြတယ်။

တကယ်တမ်းကျ မိုးက သည်းလွန်းတော့ ထီးရဲ့ တည်ရှိမှုက အဓိပ္ပာယ် မရှိတော့တာ ကြာပေါ့
ဒါပေမယ့် ငါ သူမနဲ့ အတူ ပြေးနေတုန်းပဲ။

သူမက ငါ့အိပ်ဆောင်ထိ တစ်လမ်းလုံး ပို့ပေးခဲ့ပြီး ငါ့ကို လက်‌ဝှေ့ယမ်းပြလာရင်း : " နှုတ်ဆက်ပါတယ် အတန်းဖော် " ပြီးတာနဲ့ ငါ့မြင်ကွင်းထဲကနေ သူမ ပျောက်ကွယ်သွားတဲ့ အထိ သူမက လှည့်ပြီးတော့ နောက်ပြန်မကြည့်ဘဲ မိုးထဲကို ပြေးသွားတော့တယ်။

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now