⟪43⟫

2.6K 373 0
                                    

ရှန်းချောင်ဝေက ငါ့ကို ရေးသွားကူးဖို့ မေးတယ်။

ငါလည်း အလွန့်အလွန်ကို သတိရှိနေလျက် : “ ဘာလို့လဲ? ”

ရှန်းချောင်ဝေ : “ အကြောင်းပြချက် မရှိဘူး။ မင်း သွားမှာလား? မသွားဘူးလား? ”

ငါ တုံ့ဆိုင်းနေမိတယ်။

ဖြစ်နိုင်တာက ဒီလူ သူ... ငါ့ရဲ့ ရေကူးဝတ်စုံနဲ့ ပုံကို ကြည့်ချင်လို့လား?

အဲ့လို‌ တွေးမိလိုက်တာနဲ့ ငါ မတတ်နိုင်ဘဲ ရှက်သွေးဖြာမိတော့တယ်။

ငါ ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ် : “ ဒါပေမယ့်... ငါ ရေမကူးတတ်ဘူး... ”

ရှန်းချောင်ဝေ : “ Oh အဲ့ဒါကို မေ့လိုက်တော့ ဒါဆို ကိုယ် ကျိချောင်ကိုပဲ အတူသွားဖို့ မေးလိုက်မယ် ”

ငါ : ? ? ?

“ ကိုယ် မင်းကို သင်ပေးမယ်လေ ” ဆိုတာမျိုး သူ မပြောနိုင်ဘူးလား?

မဟုတ်သေးပါဘူး ဒီအချိန်မှာတောင် သူက ရေကူးဝတ်စုံ ဝတ်ထားတဲ့ တခြားယောကျာ်းလေးတွေနဲ့ ဘယ်လိုလုပ်ပြီး တွေနိုင်ရတာလဲ?

ငါ လက်ဦးမှု ယူဖို့ လိုတယ်!

အဲ့တာကြောင့် ရှန်းချောင်ဝေ လှည့်ထွက်တော့မယ့် အချိန်မှာပဲ ငါ သူ့လက်မောင်းကို ဆွဲလိုက်တယ်။

ရှန်းချောင်ဝေ : ?

ငါ : “ နင် ငါ့ကို သင်ပေးလို့ မရဘူးလား? ”

ဒီစကားလုံးတွေကို ပြောနေရင်းက ငါ ချက်ချင်းပဲ နောင်တရမိတော့တယ်။

ဒီအသံကာလာ၊ ဒီကိုယ်နေကိုယ်ထား ဒါကို ဘယ်လိုပဲကြည့်ကြည့် အဲ့ဒါက ငါ ချစ်စရာကောင်းအောင် လုပ်ပြနေတာနဲ့ တူတယ်!

လုံလောက်ပြီ ရှန်းချောင်ဝေလည်း မှင်သက်သွားတယ်။

ဗလာသက်သက် ခေါင်းမညိတ်ပြလာခင်အထိ ရှန်းချောင်ဝေ ငါ့ကို အကြာကြီး ငုံ့ကြည့်နေခဲ့တယ် :
“ အိုခေ ”

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now