⟪22⟫

2.8K 368 0
                                    

ငါ ဒါကို သူမကို ဘယ်လို ရှင်းပြရမလဲ?

အဲ့ဒီအမျိုးသမီးက ငါပဲ ဆိုပြီး ပြောရမှာလား?

ဒါပေမယ့် ငါက ရှန်းချောင်ဝေရဲ့ ကောင်မလေးမှ မဟုတ်တာ!

ဘုရားသခင် ဘာဖြစ်လို့ ငါ့ကို ဒီလိုနည်းလမ်းမျိုးကို သုံးပြီး ခံစားစေချင်ရတာလဲ!

ငါ : ရှောင်ကျန်း ငါ့မှာ လုပ်စရာလေး ရှိသေးလို့ နောက်မှ ဆက်ပြောရအောင်

ရှန်းချောင်ဝေ : “ မင်း အဆင်ပြေရဲ့လား? ”

ငါ့မျက်ရည်တွေကို အဝေးကို သုတ်လိုက်ပြီးတော့ :    “ ငါ့ကို ကြည့်ရတာ အဆင်မပြေတဲ့ပုံ ပေါက်နေလို့လား? ”

ရှန်းချောင်ဝေ : “ သွားစားကြတော့မလား? ”

လျှပ်တစ်ပြက်အတွင်းမှာပဲ ငါ့မျက်ရည်တွေ တိတ်သွားတယ် “ သွားကြစို့! ”

အဲ့ဒီနောက် ရှန်းချောင်ဝေနဲ့ ငါနဲ့ Convention Center ဘေးမှာ ရှိတဲ့ Mall အသေးလေးထဲမှာပဲ ငါးဟော့ပေါ့ စားခဲ့ကြတယ်။

ဘေကိုရှင်းဖို့ ငါ စိတ်ပိုင်းဖြတ်ထားခဲ့တယ် : “ ဒီဟာအတွက် ငါ ရှင်းလိုက်မယ် ငါ နင့်ကို ယွမ် 360 အကြွေးတင်နေတုန်းပဲဆိုတော့ ”

“ မင်း အခုလည်း ဆက်ပြီး အကြွေးတင်နေလို့ ရပါတယ် ”

Ah? ?

“ ပါးစပ်ပိတ်ပြီး စားတော့ မဟုတ်ရင် မနက်ဖြန်ကျ မင်း ကိုယ့်အတွင်းခံကို ယူခဲ့တယ်ဆိုတာ ကျောင်းတစ်ကျောင်းလုံး သိသွားရလိမ့်မယ် ”

သေစမ်း ငါ့ကို ခြိမ်းခြောက်တယ်ပေါ့? !

ငါ... ငါ ဘာမှ မပြောရဲပါဘူးနော်။

ငြိမ်သက်စွာနဲ့ပဲ တစ်နပ်စာ စားလို့ ပြီးသွားတယ်။

ပိုက်ဆံအလကားရမှာကို ငြင်းတဲ့သူ ရှိတာ ဖြစ်ကောဖြစ်နိုင်ရဲ့လား?

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now