⟪42⟫

2.6K 389 7
                                    

ရှန်းချောင်ဝေရဲ့ ငါ့အပေါ် ထားတဲ့ ခံစားချက်တွေလည်း ပြောင်းလဲလာတယ်လို့ ငါ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းနေ့တိုင်း ဒီလူက ငါ့ကို အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဆက်တိုက်ကို ပြနေလို့လေ အဲ့ဒါက ဘာတုံ့ပြန်မှုမှတော့ ပြန်မရပေမယ့်ပေါ့...

ဥပမာ အနေနဲ့ ပြောရရင် ──

ရှန်းချောင်ဝေ : မင်း အိမ်စာတွေ ပြီးပြီလား? ကိုယ့်ဆီကို ကြည့်ရအောင်လို့ ပို့ပေး

ငါ :ဓာတ်ပုံ

ဆယ်မိနစ် ကြာပြီးနောက်။

ရှန်းချောင်ဝေ : ဆွေ့ယင်းယင်

ငါ : အာ?

‌ရှန်းချောင်ဝေ : မင်း တကယ်လို့ ဖတ်စာအုပ်ကို ဒီတိုင်း‌လေး လှန်ကြည့်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဒီလောက်ထိ မှားမှာ မဟုတ်ဘူး

ငါ : ......

နောက်ဥမာတစ်ခုကကျ ငါတို့ရဲ့ Common Required Class အချိန်အတွင်းမှာ ──

ရှန်းချောင်ဝေ : မင်း အတန်း ထပ်လစ်ပြန်ပြီလား?

ငါ : ငါ မလစ်ပါဘူး!

ရှန်းချောင်ဝေ : မင်း ဘယ်မှာလဲ?

ငါ : နောက်ဆုံးတန်းမှာ

ရှန်းချောင်ဝေက နောက်လှည့်ပြီး ငါ့ကို ကြည့်တယ်။

ရှန်းချောင်ဝေ : မင်းက ဘာလို့ အဲ့လောက် ဝေးနေရတာလဲ?

အွန်လိုင်းပေါ်ကနေ နောက်ဆုံးထွက် ဒရာမာ အကြောင်း ဖတ်နေတာ တစ်ဝက်ပဲ ရောက်နေတုန်း ငါ အလျင်အမြန် Weibo ကို ပိတ်လိုက်တယ်။

ဘာလို့ ငါက ဒီလောက်ထိ ဝေးနေရတာလဲ? သေချာပေါက်ကို နင် ငါ့ကို ကြီးကြပ်ပြီး ညွှန်ကြားနေမှာကို ကြောက်လို့ပေါ့!

ဒါပေမယ့်လည်း ငါ အရမ်းကို EQ မြင့်တဲ့ တုံ့ပြန်မှုမျိုးနဲ့ စာပြန်လိုက်ပါတယ် : ဘာလို့လဲဆိုတော့ ငါ ရုပ်ရည်ချောမောတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခေါင်း အနောက်ဘက်ကို ရှုစားချင်လို့လေ

အချိန်ကြာကြီး ကြာတဲ့အထိ ရှန်းချောင်ဝေဟာ စာမပြန်လာခဲ့ဘူး။

ငါ သူရှိနေတဲ့ ဘက်ကို ကြည့်လိုက်တယ် အဝေးကနေတောင်မှ ငါ သူ့ရဲ့ နားရွက်ထိပ်ဖျားတွေကို လှမ်းမြင်နေရတယ်... သူ့နားရွက်တွေက နီရဲလို့။

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now