Extra ⟪1⟫

3.4K 378 7
                                    

အချပ်ပို ၁။ အရက်မူးခြင်း

ငါ ရှန်းချောင်ဝေနဲ့ အတူ ရှိပြီးနောက် သူ ငါ့ကို သူ့ရဲ့ ဘော်ဒါတချို့နဲ့ ညစာစားဖို့ ခေါ်သွားတယ်။အဓိကကတော့ ငါတို့ အချစ်ကို ကြွားဖို့ပေါ့

ညစာစားနေတဲ့ အတောအတွင်းမှာ သူတို့ထဲက တချို့က အသောက်များပြီး Escape Room* ကစားချင်နေကြတယ်။

ရလဒ်အနေနဲ့ကတော့ Escape Room ဆော့ပြီးတဲ့ အချိန်ကျ အဆောင်က သော့ခတ်သွားလေပြီ။

ရှန်းချောင်ဝေက ပြောတယ် : “ ငါ့အိမ်ကို သွားကြတာ‌ပေါ့။ ငါ့မိဘနှစ်ယောက်လုံးက အလုပ်ခရီးသွားနေကြတာ ”

အဲ့ဒီနောက်မှာတော့ ငါတို့အုပ်စု ရှန်းချောင်ဝေရဲ့ အိမ်ကို သွားလိုက်ကြတယ်။

အဲ့‌ဒီယောက်ျားလေးတွေက ဧည့်သည်ခန်းတွေကို အိပ်ဖို့ သွားခဲ့ကြပြီး ဧည့်ခန်းထဲမှာတော့ ရှန်းချောင်ဝေနဲ့ ငါပဲ ကျန်နေခဲ့တယ်။

ငါတို့ပဲ ရှိနေတယ် ပြီးတော့ သူကလည်း အရက်မူးနေတယ် တကယ်လို့များ တစ်ခုခုသာ ဖြစ်လာမယ်ဆိုရင်...

အဲ့တာကြောင့် ငါလည်း အိပ်ဖို့ရာ ဧည့်သည်ခန်းတစ်ခုကို အတတ်နိုင်ဆုံး အမြန် ရှာဖို့ လုပ်လိုက်တယ်။

သို့သော်ငြားလည်း ရှန်းချောင်ဝေက ငါ့ကို ရုတ်တရက်ကြီး မေးလာတယ် : “ ကိုယ် စန္ဒယားတီးတာ မင်း နားထောင်မလား? ”

ငါ ကြောင်အနေမိတယ် ပြီးတော့မှ သူက အနုပညာ မိသားစုက လာတာ ဆိုတာ သတိရလိုက်တယ်။

ငါ ခေါင်းညိမ့်ပြလိုက်တယ်။

အဲ့ဒီနောက်မှာ သူ ဧည့်ခန်းထဲမှာ ရှိတဲ့ စန္ဒယားအရှေ့မှာ ထိုင်ပြီး စတင် တီးခတ်တော့တယ် သူ တီးနေရင်းနဲ့ ခေါင်းကို လှည့်ပြီးတောင် ငါ့ကို ကြည့်လာသေးတယ်။

ငါလည်း အရမ်းကို ပူးပေါင်းပါဝင်စွာနဲ့ သူ့ကို လက်ခုပ်တီးပေးလိုက်တယ်။

ဒါပေါ့ သူ တော်တော်လေး ကောင်းအောင် တီးခတ်ပြသွားတာ။

ငါပဲ သူ့ကို အားပေးတိုက်တွန်းလိုက်လို့လား ဒါမှမဟုတ် သူပဲ မူးနေလို့လားတော့ မသိဘူး။

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now