⟪23⟫

2.7K 369 0
                                    

ငါ ကျောင်းကိုပြန်ရောက်တော့ ရှောင်ကျန်းရဲ့ မေးခွန်းတွေအတွက် ပေးစရာ အကြောင်းပြချက်ကို စဉ်းစားမိတဲ့အထိ Campus ကို သုံးကြိမ်လောက် ပတ်လျှောက်နေမိတယ်။

အဆောင်ခန်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အခန်းတစ်ခုလုံးအနှံ့ ပြည့်နေတဲ့ မိန်းကလေးတွေ ဝန်းရံတာကို ခံလိုက်ရတယ်။

နေဦး ဒီနံပါတ်က မှားနေသလိုပဲ 123456789...

ညီအစ်မတို့ နင်တို့အားလုံး ဘယ်ကနေ ရောက်လာကြတာလဲ?

ရှောင်ကျန်းက တကယ်ကို စိတ်စောနေလျက် “ မြန်မြန်လာ။ လူတိုင်းက နင့်ကို စောင့်နေတာ ကြာလှပြီ။ ဒီနေ့ နင်မြင်ခဲ့တဲ့အကြောင်း ငါတို့ကို ပြောပြ ”

ငါ တုံ့ဆိုင်းသွားတယ် “ အဲ့ဒါက... ”

သူတို့ရဲ့ လည်ပင်း‌တွေကို ဆန့်လိုက်ကြပြီး

ငါ တုံ့ဆိုင်းနေရင်း “ တကယ်တော့... ”

သူတို့ရဲ့ အသက်ရှုသံတွေကို ထိန်းထားကြတယ်။

အရေးပေါ်အခြေအနေကို မျက်မြင်ကိုယ်တွေ့ကြုံရတဲ့ အခါမှာတော့ ငါ့ဉာဏ်လေးလည်း ထက်လာတယ် “ အဲ့အချိန်တုန်းက ငါ အိပ်ပျော်နေလို့ ငါ ဘာမှ မမြင်လိုက်ရဘူး! ”

သူတို့အားလုံး ထေ့ငေါ့ပြီး ထွက်သွားကြတယ်။

“ ဘယ်လိုဖြစ်ရတာလဲ ရဲဘော် ဆွေ့ယင်းယင်။ ဒီလောက် အရေးကြီးတဲ့ အခြေအနေမှာတောင် နင်က လုံးဝကို အသုံးမဝင်ဘူးပဲ! ”

ငါ့မျက်နှာကို အုပ်လိုက်ပြီး ထိုင်ခုံပေါ်ကို နောက်ပြန် ထိုင်ချလိုက်တယ်။

ဖုန်းစခရင်က လင်းလာတယ်။

ရှန်းချောင်ဝေ : မနက်ဖြန်မွန်းတည့်ကျ အနောက်ဘက်ကန်တင်းမှာ တွေ့မယ်

ငါ : ......

ငါ : ဘာလို့လဲ?

ငါ : ငါ လာမှာ မဟုတ်ဘူး!

ငါသာ သွားလိုက်ရင် ကောလဟာလတွေအရ နင့်ရဲ့ ကောင်မလေးဆိုတဲ့ ခေါင်းစဉ်ကြီးကို သေချာအောင် အတည်ပြုပေးလိုက်သလို ဖြစ်နေမှာ မဟုတ်ဘူးလား? ငါဖြင့် ဒီနေ့ အများကြီး အားစိုက်ထုတ်ပြီးမှ တခြားသူတွေကို အရူးလုပ်လိုက်နိုင်တာလေ။

ရှန်းချောင်ဝေ : မလာဘူးပေါ့?

ငါ : ဟုတ်တယ်!

ရှန်းချောင်ဝေ : တကယ်နော်?

ငါ : သေချာသလောက်...

ရှန်းချောင်ဝေ : 360?

ငါ :

〔 အရမ်းအရမ်းကို မတရားခံရသလို ခံစားရ 〕

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အရမ်းအရမ်းကို မတရားခံရသလို ခံစားရ

ငါ : ငါ လာပါ့မယ်...

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now