⟪24⟫

2.7K 354 4
                                    

ဒီအဖြစ်အပျက်ကြောင့် အသည်းနှလုံးမရှိတဲ့ ငါ့လိုလူတောင် ── အိပ်မပျော်တဲ့ ရောဂါ ရလာတယ်။

အသိသာကြီးကို ရှန်းချောင်ဝေရဲ့ ခြိမ်းခြောက်မှုတွေက ငါ့လို 3 နှစ်နဲ့ 204 လပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်နဲ့ နုနယ်တဲ့ နှလုံးသားလေးကို အပျက်အစီးတွေ အများကြီး ဖြစ်စေတယ်!

အကျိုးဆက်အနေနဲ့ နောက်တစ်နေ့ မနက်ခင်းရောက်တော့ အတန်းထဲမှာ ငါ ဆက်ပြီး အိပ်ချင်နေတော့တာပဲ။

အတန်းပြီးတဲ့အခါ ရှောင်ကျန်းက ငါ့ကို နှိုးပြီး :
“ ယင်းယင် နင် ဘာလို့ ဒီလောက်ထိ ပင်ပန်းနေတာလဲ? နင် မနေ့ညက အပြင်ထွက်ပြီး တစ်ယောက်ယောက်ရဲ့ ကြက်သွန်မြိတ်တွေကို ခိုးမိလို့လား... ”

ငါ ရုတ်ခြည်း ထိုင်လိုက်ပြီး : “ ငါ မခိုးခဲ့ဘူး နင့်ရဲ့ အတွင်းခ... ”

‘ ခံ ’ ဆိုတဲ့ စကားလုံးက တစ်ဝက်တစ်ပျက် ရပ်သွားရင်း နောက်ကျန်တဲ့ တစ်ဝက်ကို မနည်း ပြန်မြိုချလိုက်ရတယ်။

ကယ်ကြပါဦး ငါ့မှာ ဖော်ထုတ်ခံရခါနီးနီး!

ရှောင်ကျန်း : “ ငါ နောက်နေတာပါ။ ညစာ တူတူ သွားစား ကြမလား? ”

ငါ : “ မလိုက်တော့ဘူး။ နင်တို့ပဲ သွားစားလိုက်ကြတော့ ”

ရှန်းချောင်ဝေဆီကို message မပို့ခင် ငါ့ရဲ့ နေရာမှာ ခဏလောက် အချိန်ဖြုန်းနေလိုက်တယ်။

ငါ : နင် သွားခဲ့ပြီလား?

ရှန်းချောင်ဝေ : အခုမှ ရောက်တာ မင်းရော?

ငါ : ငါက ရေဘုံဘိုင်တွေနားပဲ ရှိသေးတယ်

ရှန်းချောင်ဝေ : ......

ငါ : bro ငါ့ကို ခဏစောင့် နင့်ကို အားဖြည့်ပေးဖို့ ငါ အခုပဲ cafeteria ကို လာခဲ့မယ်

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now